Sunday, December 04, 2011

ဖားကန့်လမ်း KIAတိုက်ခိုက် မှုတွင် မြန်မာစစ်သား ၅ ဦး ကျ၊ ၅ ဦးထိခိုက်


kia dap6 dsc00516
KIA တပ်ရင်း ၆ တပ်သားများ။
ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်လမ်း မြန်မာအစိုးရတပ် စစ်ကားသုံးစီးအား ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် ၎င်း၏ အရပ်သားတပ်ဖွဲ့များ တိုက်ခိုက်ရာ အစိုးရစစ်သ ၅ ဦးသေ၊ ၅ ဦး ဒဏ်ရာရကြောင်း KIA ဆိုသည်။
ထိုသေဆုံးသူများထဲ ဗိုလ်ကြီးတဦးပါဝင်ကာ လက်နက်ငယ် ၆ လက် (MA-1 လေးလက်၊ MA-2 ၁ လက်၊ ပစ္စတို ၁ လက်) နှင့် MA-1 ကျည်ဆံ ၃၀၀၊ ဘဇူကာ ၁ လက်နှင့် ၎င်းကျည်ဖူး ၁ ခု သိမ်းဆည်းရမိသည်ဟု ဆိုသည်။

သရီးဂရောင်း (၆ ဘီးယက်)စစ်ကား သုံးစီးဖြင့် နမ်ယာကျေးရွာမှ ဆင်းလာကြသော နမ်မားအခြေစိုက် ခမရ (၃၈၆) စစ်သားများအား KIA တပ်ရင်း (၆) တပ်ခွဲ (၁)နှင့် အရပ်သားတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်လိုက်သည် ဟု သိရသည်။
 post by KNG

No comments:

Post a Comment