Wednesday, February 08, 2012

ပုသိမ်လူထု ဒေါ်စုကို ကြိုဆို

ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပုသိမ်မြို့ကို သွားရောက်ခဲ့တဲ့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတအောင် ပြည်သူအားလုံးက ဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုကြောင်း ပုသိမ်မြို့မှာ ဒီကနေ့ ပြောသွားပါတယ်။
AFP
ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပုသိမ်မြို့ကို သွားရောက်ခဲ့သော အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့ ဒေသခံ ပြည်သူများ ကြိုဆိုနေစဉ်။
ဒီကနေ့ မွန်းလွဲပိုင်း ပုသိမ်မြို့ ၉ သိန်း ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ ပြည်သူတွေကို အဲဒီလို ပြောဆိုလိုက်တာပါ။ ပုသိမ်မြို့ကတစ်ဆင့် မြောင်းမြမြို့ကို အရောက်မှာတော့ မြောင်းမြ မီတာ ၄၀၀ ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေဟာ ကိုယ်ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မိမိတို့ ဖြစ်စေချင်တာ အချိန်မရွေး တိုက်တွန်း ပြောဆိုနိုင်ကြောင်း ပြောဆိုသွားပါတယ်။

No comments:

Post a Comment