
ဝရဓါတု ရတနာရာမဓါတ်တော်တိုက်ဆရာတော်က “လူသားချင်းစာနာတဲ့အကူအညီအနေနဲ့ ကိုယ့်မြန်မာပြည်ဖွားတိုင်းရင်းသား အချင်းချင်းကူညီတာပါ။” ဟု ကျောင်းတိုက် ဆရာတော်တပါးက ဆိုသည်။
ဝရဓါတုရတနာရာမ ဓါတ်တော်တိုက်ဆရာတော်ဦးစီးသော ဗြဟ္မစိုရ် နှလုံးသား ပါရမီဖြည့်အဖွဲ့သည် ယခင်က ကရင်ဒုက္ခသည်များအတွက်နှင့် ရှမ်းပြည်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော တာလေငလျင်ဒုက္ခသည်များအတွက် ပေးလှူကူညီခဲ့သည်ဟု သိရသည်။
လှူဒါန်းငွေ စင်္ကာပူဒေါ်လာ ၂၀၀၀ ကိုလက်ခံရရှိသည်ဟု ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(စင်္ကာပူ) အတွင်းရေးမှူး တန်ဘောင်အောင်ဒီး ကချင်သတင်းဌာနသို့ ပြောသည်။
ဝရဓါတုရတနာရာမဓါတ်တော်တိုက်သည် ကျောင်းတိုက်တည်ထောင်သည့် သက်တမ်း (၈) နှစ်ကျော်ပြီဖြစ်သည့် စကာင်္နိုင်ငံရှိ ဗုဒ္ဓဘာသာ ကျောင်းတိုက်တစ်ခု ဖြစ်သည်။
No comments:
Post a Comment