ထိပ်ဆုံး သတင်း :
Home » » ပေါ်တာအထမ်းသမား(၁၀၀)ကျော်နှင့် ချီဖွေဒေသတိုက်ပွဲ

ပေါ်တာအထမ်းသမား(၁၀၀)ကျော်နှင့် ချီဖွေဒေသတိုက်ပွဲ

7/02/2012 12:48:00 AMတွင်ရေးသည်

ဇွန်လ(၃၀)ရက်နေ့တွင် ချီဖွေမြို့သို့ စစ်ကြောင်းချီတက်လာသော ခမရ(၅၂၁)တပ်ဖွဲ့တို့နှင့် KIA တပ်ရင်း(၁၀)တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ခမရ(၅၂၁)မှ တပ်ရင်းမှူး အပါအ၀င် (၈)ဦး ဒါဏ်ရာပြင်းထန် စွာ ရရှိပြီး ကျဆုံးသူလည်း များပြားကြောင်း သတင်းရရှိသည်။
ခမရ(၅၂၁)တပ်ဖွဲ့ အင်အား(၁၀၀)ကျော်သည် ပေါ်တာအထမ်းသမား(၁၀၀)ကျော်ကို အသုံးပြု၍ KIA တပ်စခန်းများကို သိမ်းပိုက်ရန် ချီတက်လာသော စစ်ကြောင်းဖြစ်သည်။ ယင်းစစ်ကြောင်းသည် ရွာတွေ့ တိုင်း အထမ်းသမားကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း သိရှိရပါသည်။
ကချင်ဒေသ ၊ မြန်မာ အစိုးရတပ် နှင့် KIA တို့၏တိုက်ပွဲသတင်းတိုများ
ဇွန်လ(၃၀)ရက်နေ့တွင် အင်းအား(၁၅၀)ခန့် (တပ်ရင်းအမည် စုံစမ်းဆဲ) တပ်ဖွဲ့ဝင်တို့သည် မန်မော် ကျေးရွာဘက်သို့ စစ်ချီတက်လာသဖြင့် KIA တပ်ရင်း(၂၃)မှ ခုခံတိုက်ခိုက်ရာ အစိုးရတပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒါဏ်ရာရသွားကြောင်း သိရှိရသည်။
ဇွန်လ(၃၀)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ဂျာပူကျေးရွာ တပ်စခန်းရှိ ခမရ(၃၈၉)မှ တပ်ဖွဲ့ဝင်(၃)ဦး သည် ဂျပူ ကျေးရွာသားများ၏ နေအိမ်သို့ ၀င်ရောက်မွှေနှောက်စဉ် KIA တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်သဖြင့်
အစိုးရတပ်သား(၂)ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
ဇွန်လ(၃၀)ရက်နေ့တွင် ခမရ(၃၈၈) စစ်ကြောင်း အင်အား(၁၅၀)ခန့်သည် စစ်ဆင်ရေး ပြုလုပ်ရန် အတွင် ဒေါ့ဖုန်းယန်မြို့ ခလရ(၁၄၂)တပ်ရင်း ဌာနချုပ်သို့ ရောက်ရှိ လာကြောင်း သိရှိရသည်။
မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်သည် ပြည်သူ့စစ် ခေါင်းဆောင် ဦးဒန်ဂူးတန် နှင့် သတ္တုတူးဖေါ်ရေး၊ ရွှေလုပ်ငန်း၊ သစ်မှောင်ခို လုပ်ငန်း ပြုလုပ်ရန် ဒေသဖွံ့ဖြိုးရေး အကြောင်းပြ ချက်ဖြင့် ပူတာအိုမြို့နယ်၊ ဒန်ဂျီးဘွမ်ဒေသတွင် မြေကွက် ဧက(၆)သိန်း ရရှိရေး ကြိုးပမ်းနေ ကြောင်း သိရှိရသည်။
ဇွန်(၂၉)ရက်နေ့တွင် ဂန်ဒေါ်ယန် မြန်မာအစိုးရ စစ်စခန်းမှ မလိရေအားလျှပ်စစ် ထုတ်လုပ်သော စက်ရုံရှိရာ ဂျာထကျေးရွာဘက်သို့ ၁၂၀ မမ အမြောက်ဖြင့် (၁၀)ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ မလိရေအားလျှပ်စစ် စက်ရုံသည် မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့သို့ လျှပ်စစ် ဓါတ်အား ပို့လွှတ်နေသော စက်ရုံ ဖြစ်သည်။
ဇွန်လ(၂၈)ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့၊ ခန်းကိုင်တောင် အမြောက်စခန်းနှင့် ရှဒန်ပါ အမြောက် စခန်းတို့မှ နေ၍ KIA တပ်စခန်းရှိရာ လဂျားယန်ဘက်သို့ ၁၀၅ မမ ဟော်ဝင်ဇာအမြောက်၊ ၁၂၀ မမ အမြောက်ဖြင့် အကြိမ်(၃၀)ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ(၂၈)ရက်နေ့တွင် ဂန်ဒေါ်ယန်တပ်စခန်းမှ အင်ပေါင်ကျေးရွာဖက်သို့ ၁၂၀ မမ အမြောက်ဖြင့် (၅)ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ(၂၈)ရက်နေ့တွင် ခမရ(၄၁၆)တပ်ဖွဲ့များ နေရာယူတပ်စွဲနေသော မြစ်ကြီးနား – ကန်ပိုင်တီး လမ်း ပေါ်ရှိ ဂေါနန်စစ်စခန်းကို KIA တပ်ရင်း(၃)မှ ဒု-တပ်ကြပ် မခေါ်အောင်(Mahkaw Awng)တစ်ဦးတည်း သာ ၀င်ရောက်တိုက်ခိုက်ရာ ခမရ(၄၁၆)တပ်ဖွဲ့ဝင်(၃)ဦး ကျဆုံးသွားကြောင်း သိရှိရသည်။
မြန်မာအစိုးရ စစ်တပ်ဖွဲ့တို့ တပ်စွဲထားသော ယင်းစခန်းသည် KIA တပ်စခန်းဖြစ်ပြီး၊ လွန်ခဲ့သည့်လ အနည်းငယ်က မြန်မာအစိုးရစစ်တပ်များ သိမ်းပိုက်ထားသောစခန်း ဖြစ်သည်။
ဒု-တပ်ကြပ် မခေါ်အောင်သည် ဇွန်လ(၁၈)ရက်နေ့တွင်လည်း ခမရ(၄၁၆)တပ်ဖွဲ့များ တပ်စွဲထားသော တပ်စခန်းတစ်ခုကို (KIA တပ်စခန်းကို မြန်မာစစ်တပ်က သိမ်းယူသော စခန်းကုန်း)ကို တစ်ဦးတည်း သွားရောက် စီးနှင်းတိုက်ခိုက်ခဲ့သေးသည်။ ယခုကဲ့သို့ ၀င်ရောက်တိုက်ခိုက် ခြင်းမှာ ဒုတိယ အကြိမ်ဖြစ်သည်။ June 20 ရက်သတင်းမှ (KIA တပ်သားတစ်ဦး ခမရ(၄၁၆) တပ်စခန်း သိမ်းပိုက်နိုင်ခဲ့)
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"