Thursday, June 06, 2013

Air Asia လေကြောင်းက ဘန်ကောက်- နေပြည်တော် နေ့စဉ်ပြေးဆွဲမယ်

 ဓာတ်ပုံ- traveldailynews.asia
AirAsia လေကြောင်းလိုင်းဟာ ဘန်ကောက်ကနေ မြန်မာနိုင်ငံ နေပြည်တော်ကို နေ့စဉ်ပြေးဆွဲဖို့ အစီအစဉ်ကို လာမယ့် အောက်တိုဘာလမှာ စတင်မယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အဲအေးရှား အုပ်စု စီအီးအို တိုနီ ဖမန်းဒ်က ဘန်ကောက်- နေပြည် တော် ခရီးစဉ်ကို လာမယ့် အောက်တိုဘာစတင်မယ်ဆိုတဲ့ အစီအစဉ်ကို ကြေညာ လိုက် တာဖြစ်ပါတယ်။

“၂၀၁၃ အောက်တိုဘာလမှာ စတင်မယ့် ဘန်ကောက်မှ နေပြည်တော်ကို ဆက်သွယ်မယ့် ပထမ ဆုံး လေကြောင်းလိုင်း ဖြစ်တာကြောင့် ကျနော်တို့ လုံးဝ ဂုဏ်ယူတယ်” လို့ သူက ပြောသွားတာပါ။

ဒေသတွင်းမှာ နေပြည်တော်ဟာ တဖြည်းဖြည်း အရေးပါလာပြီး ၂၇ ကြိမ်မြောက် ဆီးဂိမ်းကလည်း ဒီဇင်ဘာမှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း၊ ၂၀၁၄ ခုနှစ်မှာလည်း မြန်မာက အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမှာက တကြောင်း၊ နောက်ပြီး ၂၀၁၅ ခုနှစ်က စပြီးတော့လည်း အာဆီယံ စီးပွားရေး ဇုံကြီးဖြစ်လာတော့မှာက တကြောင်း စတာတွေကြောင့် အခုလို နေပြည်တော်ကို ဘန်ကောက်က တိုက်ရိုက်နေ့စဉ် လေကြောင်း လိုင်းပေးဆွဲတာဖြစ်တယ်လို့လည်း သူက ဆက်ပြောသွားပါတယ်။

အဲအေးရှား လေကြောင်းလိုင်းအနေနဲ့ လက်ရှိမှာတော့ ဘန်ကောက်- ရန်ကုန် တနေ့ ၃ ကြိမ်ပြေးဆွဲနေပြီး ဘန်ကောက်-မန္တလေး ကို တနေ့ တကြိမ်ပြေးဆွဲနေတာပါ။ တခါ တန်ဘိုးနည်း လေကြောင်းလိုင်း အဲအေးရှားဟာ ရန်ကုန်ကနေ ကွာလာ လမ်ပူကိုလည်း တနေ့ တကြိမ်ပြေးဆွဲပေးနေပါသေးတယ်။

Cr=>>

No comments:

Post a Comment