ထိပ်ဆုံး သတင်း :
Home » » ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်မည်

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်မည်

6/04/2013 04:09:00 PMတွင်ရေးသည်

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာငွေ ရှာဖွေနေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာသည် ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများက The Voice သို့ ပြောကြားသည်။
ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာ နှင့် သမ္မတ ဦးသိန်းစိန် ၂၀၁၂ ဒီဇင်ဘာလက ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်

ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာ နှင့် သမ္မတ ဦးသိန်းစိန် ၂၀၁၂ ဒီဇင်ဘာလက ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်

အဆိုပါ ခရီးစဉ်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာနှင့်အတူ ထိုင်းထိပ်တန်း စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ပါဝင်မည် ဖြစ်ပြီး ထိုင်း-မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာနှင့် ထိုင်းထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်အဖွဲ့သည် ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၌ စီးပွားရေးဆိုင်ရာ ဖိုရမ်တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UNFCCI) ထံမှ သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်သည် ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်းလည်း အစိုးရနှင့် နီးစပ်သူများက ဆိုသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာ၏ ယခု ခရီးစဉ်သည် မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် နှစ်ကြိမ် လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း လာရောက်စဉ်တွင် အီတာလျံ-ထိုင်းကုမ္ပဏီက အကောင်အထည် ဖော်လျက်ရှိသော ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်နေရာသို့ သွားရောက် လေ့လာခဲ့သည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း၌ တတိယအများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

The Voice Weekly Facebook မှ ကူးယူဖေါ်ပြသည်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"