အိုင်စီတီကို ပညာရေးတွင် အသုံးပြုရန် စီစဉ်ခြင်းသည်
ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် မျိုးဆက်သစ်တို့အတွက်
အုတ်မြစ်ချခြင်းဟုလည်း ပြောနိုင်သည်။ ဖွံ့ဖြိုးတိုးတက်သည့်
နိုင်ငံများဖြစ်သော ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့တွင်
ကျောင်းသားများ ကွန်ပျူတာ ကိုင်သုံးနိုင်မှုနှုန်းက ၁၀ အချိုး ၁ ဖြစ်သည်။
ကျောင်းသား ၁၀ ဦးတိုင်း ကွန်ပျူတာတစ်လုံး ကိုင်ဆောင်နိုင်သည့် သဘောဖြစ်သည်။
ကွန်ပျူတာ သုံးနိုင်ရုံမက အင်တာနက် သုံးနိုင်ရန်လည်း သူတို့ အစိုးရများသည်
ကျောင်းများ၌ ဆက်သွယ်ရေး Bandwidth အမြင့်ဆုံးရရန် စီစဉ်ပေးထားသည်။
ကျောင်းများတွင် ကွန်ပျူတာ ထားပေးလိုက်ရုံဖြင့် တာဝန်ကျေပြီဟု မမှတ်ယူသင့်ပါ။ နည်းပညာကို အသုံးပြုပြီး သင်ကြားမှု၊ သင်ယူမှု လုပ်ငန်းကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်စေရန် ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ ပညာလမ်းကြောင်းတွင် ပညာသက်သက် အကောင်အထည် ဖော်သည့် တစ်ဖက်ပိတ် လမ်းကြောင်း ဖြင့်သွားလျှင်လည်း မအောင်မြင်နိုင်ပါ။ ပညာရေး ဆိုသည်မှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အားလုံးနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် ဆက်စပ် အကောင် အထည်ဖော်ပြီး လမ်းဖွင့်ပေးနိုင်ရမည် ဖြစ်သည်။
နိုင်ငံတွင် မူဝါဒ ချမှတ်သူများက အကောင်းဆုံး မူဝါဒများ ချမှတ်ထားသည်ဆိုစေ ထိုမူဝါဒများကို အကောင်အထည် ဖော်ပေးမည့် လူကောင်းများလည်း ရှိရမည်။ လူတော်လူကောင်းများသည် မိုးပေါ်က ကျမလာနိုင်ပေ။ မိုးကျရွှေကိုယ်များ သက်သက်ဖြင့်လည်း တိုင်းပြည် ကောင်းစားရေး အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ ပညာရှင်များသည် ကိုယ့် တီထွင်မှုများကို စူးစိုက် လုပ်နေကြရသဖြင့် နိုင်ငံရေး မူဝါဒများကို စိတ်ဝင်စားမည် မဟုတ်ပေ။ သူတို့ကို ပညာရေးဆိုင်ရာ မူဝါဒများ ရေးဆွဲခိုင်းမည့်အစား ပညာသင်ကြားရေးတွင် ထိရောက်စေမည့် ဟာ့ဒ်ဝဲ ဒီဇိုင်းနှင့် ဆော့ဖ်ဝဲများကို ရေးခိုင်းခြင်းက တိုင်းပြည်အတွက် ပိုပြီးအကျိုးရှိမည် ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် စိန်ခေါ်မှု နှစ်ရပ်ကို အမြဲ ရင်ဆိုင်နေကြရသည်။ ပထမစိန်ခေါ်မှုမှာ ဒစ်ဂျစ်တယ် ရင်းမြစ်များဖြစ်သည့် ဟာ့ဒ်ဝဲ ပစ္စည်းရရှိ သုံးစွဲနိုင်မှု ခက်ခဲခြင်း ဖြစ်သည်။ ဥပမာ- ကွန်ပျူတာ သုံးလျှင် ထိရောက် မှန်းသိသော်လည်း သုံးစရာ ကွန်ပျူတာဝယ်ရန် ပိုက်ဆံ မရှိ၊ အစိုးရကလည်း စိုက်ထုတ် သုံးစွဲမပေးနိုင်ခြင်း ဖြစ်သည်။ ဖောင်စီးရင်း ရေငတ် နေကြရသည့် သဘောဖြစ်သည်။ ဒုတိယစိန်ခေါ်မှုမှာ မူဝါဒကြောင့် ဖြစ်သည်။ တိုင်းပြည်တွင်း ဆုံးဖြတ် လုပ်ပိုင်ခွင့် ရှိသူများက အနာဂတ်ကို မျှော်မကြည့်နိုင်ခြင်း၊ ပညာရေး အသုံးစရိတ်ထက် စစ်ရေး အသုံးစရိတ်များကို ပိုသုံးနေရခြင်း၊ အနာဂတ် ပညာရေးကို အိုင်စီတီဖြင့် အခြေ မချနိုင်ခြင်းတို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အဓိက အားနည်းချက်များ ဖြစ်သည်။
ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ မူဝါဒ ရေးဆွဲသူများသည် ပညာရေးတွင် အိုင်စီတီကို ထည့်သွင်း အသုံးပြုနိုင်ရေး အတွက် နည်းလမ်းပေါင်းစုံ ရှာကြံနိုင်ရန် လိုပါသည်။ နည်းလမ်း ရှာကြံခြင်းအပြင် ရင်းနှီးမြှုပ်နှံခြင်းကလည်း လိုအပ်သည်။ ပညာရေးတွင် အိုင်စီတီကို ထည့်သွင်း အသုံးပြုခဲ့ခြင်းကြောင့် ပညာရေး လမ်းကြောင်း ပြောင်းသွားသည့် နိုင်ငံပေါင်းများစွာ ရှိပါသည်။ ယခုမှ စတင် လုပ်ဆောင်ရန် အကြံရသူများ အနေနှင့် ထိုနိုင်ငံများ ဖြတ်သန်းခဲ့ရသည့် အိုင်စီတီ ပညာရေးလမ်းကြောင်းကို အတွေ့အကြုံများ ယူရန် သွားရောက် လေ့လာပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနှင့် လိုက်လျော ညီထွေဖြစ်စေနိုင်သော စနစ်များကို အတုယူ လုပ်ဆောင်သင့်ပါသည်။ ပညာရေးတွင် အိုင်စီတီကြောင့် ပြောင်းလဲသွားရသည့် နိုင်ငံများထဲမှ ချီလီနိုင်ငံကို ဥပမာ ပြလိုပါသည်။ ချီလီတွင် “Enlaces” ဆိုသည့် ပရောဂျက်ကို အကောင်အထည် ဖော်ကြသည်။ Enlaces ဆိုသည်မှာ အင်္ဂလိပ်လို “Links” ဟု အဓိပ္ပာယ် ရသည်။ အခြားနိုင်ငံများတွင်လည်း ပရောဂျက်ပေါင်း များစွာရှိနိုင်သည်။ လေ့လာရန်လိုသည်။
ပညာဖြင့် တည်ဆောက်ထားသော လူ့ဘောင် တစ်ခုကို ကြွေးကြော်ပြီး မတည်ဆောက်နိုင်ပေ။ လက်တွေ့ အကောင်အထည် ဖော်ခြင်းဖြင့်သာ အောင်မြင်နိုင်ပါလိမ့်မည်။ “ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်ဆီသို့” စကားသည် ကြားကောင်းအောင် အော်ပြီး လက်တွေ့ အကောင်အထည် မဖော်နိုင်သဖြင့် ပညာရေး အောက်ကျနောက်ကျ ဖြစ်နေရသည်မှာ အထင်အရှား ဖြစ်ပါသည်။ ပညာရေး တိုးတက်အောင် လုပ်မည်ဟု ကြွေးကြော်ပြီး ကွန်ပျူတာ မပြောနှင့် ဂဏန်း ပေါင်းစက်ကိုပင် မသုံးတတ်သေးသော ဆရာများဖြင့်လည်း လမ်းကြောင်း တည့်စေရန်ပင် မနည်းကြိုးစား ကြရပေ လိမ့်မည်။
ကျောင်းသားများကို အိုင်စီတီ အသုံးပြုစေချင်လျှင် ဆရာများကို ဦးစွာ သင်ပေးရလိမ့်မည်။ ဆရာက ကျောင်းသားထက်ပိုပြီး ကျွမ်းကျင်မှ တပည့် ဖြစ်သူကလည်း ရိုသေလေးစားမည်။ စာသင်ခန်း၊ ကျောင်းနှင့် သင်ကြားရေး စနစ်တို့သည် အိုင်စီတီဖြင့် သွက်လက်နေစေရမည်။ ကျောင်းတွင် လိုအပ်သည့် ပညာဆိုင်ရာ ရင်းမြစ်များ အားလုံးကို ရရှိနိုင်စေရမည်။ မိသားစု အလိုက် ဝင်ငွေ နည်းသဖြင့် အိုင်စီတီကို မသုံးနိုင်လျှင် ကျောင်းက သုံးနိုင်အောင် စီစဉ်ပေးရမည်။ ကျောင်းသည် ဆရာနှင့် ကျောင်းသား၊ ကျောင်းနှင့်မိဘ၊ ကျောင်းနှင့် ကျောင်းသားအားလုံး အပြန်အလှန် ချိတ်ဆက် ပေးနိုင်သည့် ဗဟိုဆုံရပ် တစ်ခုဖြစ်ရန် လိုသည်။ မိဘက ကျောင်းကို မလာဘဲ ဆရာနှင့်ဆက်ဆံနိုင်သည့် နည်းလမ်းများ ရှိပါသည်။ ကျောင်းသားက ကျောင်းသို့ မသွားလည်း ဆရာနှင့် ဆက်သွယ် ထိစပ်နိုင်သည့် နည်းလမ်းများ ရှိပါသည်။ ယင်းတို့ကို အိုင်စီတီကသာ အကောင်အထည် ဖော်ပေးနိုင်သည်။
အိုင်စီတီကို ကျောင်းများတွင် ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် အစိုးရ အနေဖြင့် ပထမဦးဆုံး ထူထောင်ပေးရမည့် လုပ်ငန်းမှာ ကွန်ပျူတာများ ဖြစ်သည်။ ကွန်ပျူတာပြီးလျှင် အင်တာနက် သုံးနိုင်ခွင့် အတွက် လိုအပ်သည့် လိုင်းများကို တိုးချဲ့ တပ်ဆင်ပေးရမည်။ ပညာရေးတွင် ထိုကုန်ကျ စရိတ်များကို စိုက်ထုတ်ခြင်းသည် ပြန်ရနိုင်ကိန်း မရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း နိုင်ငံအနာဂတ်အတွက် သေချာသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်။
နည်းပညာ ပစ္စည်းများသည် ဈေးပေါစွာ သုံးနိုင်သည့် အနေအထားတွင် မရှိသေးပေ။ သုံးနိုင်လျှင် အကျိုးရှိမှန်း သိလျက် ငွေကြေး မတတ်နိုင်သဖြင့် မသုံးကြရသည့် နိုင်ငံများလည်း ရှိသည်။ ပစ္စည်းရှိ၊ ဆရာရှိ၊ ကျောင်းသားရှိပြီး နည်းပညာမရှိ သို့မဟုတ် နည်းပညာ မသိသဖြင့် မသုံးနိုင်လျှင်လည်း ပန်းတိုင်ရောက်ရန် အလှမ်းဝေးလိမ့်မည်။
ပညာရေးတွင် အိုင်စီတီဆိုင်ရာ မူဝါဒများချမှတ် အကောင်အထည် ဖော်ရာ၌ ရေရှည်။ရေတို စီမံကိန်း များဖြင့် အစိုးရက ရေးဆွဲပေးရသည်။ အစိုးရ ရေးဆွဲသည့် စီမံကိန်းများသည် စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့အကောင်အထည်မပေါ် (အကောင် အထည် မဖော်) မည်ကို စိုးရိမ်ရပါသည်။ သတ်မှတ်ကာလတွင် အောင်မြင်မှု ရှိရန်မှာ လိမ်ညာထားသည့် စာရင်းဇယားများဖြင့် အလုပ် မဖြစ်နိုင်ပေ။ အိုင်စီတီကို ပညာရေးတွင် ပေါက်မြောက် အောင်မြင်စေရန် လုပ်ဆောင်မည် ဆိုလျှင် ရလဒ်ကို ပိုင်းဖြတ်ရန် လိုသည်။ လုပ်ငန်းအပေါ် တာဝန်ယူမည့်သူများ လိုသည်။ အကောင်အထည် ဖော်သည့် အဖွဲ့၏ လုပ်ဆောင်ချက်များကို ပိုင်းဖြတ် ဝေဖန်သုံးသပ် နိုင်ရမည်။ လုပ်ငန်းကို စတင်ဆောင်ရွက်စဉ် ကတည်းက ယုံကြည်လောက်သည့် အဖွဲ့အစည်း လက်အတွင်းသို့ မအပ်လျှင် အသုံးပြုရန် သတ်မှတ်ထားသည့် ငွေကြေးများသည် သဲထဲရေသွန်သလို ဖြစ်နိုင်ပါသည်။
အိုင်စီတီကို ၁၉၈၀ ပြည့်နှစ် လောက်ကတည်းက ဖွံ့ဖြိုးသည့် နိုင်ငံကြီးများသည် ပညာရေးတွင် အသုံးပြုခဲ့သည်။ အထူးသဖြင့် သူတို့ ပညာရေးတွင် တက္ကသိုလ်ဝင် K-12 အဆင့် လောက်တွင် အိုင်စီတီကို မဖြစ်မနေ သုံးရန် စီစဉ်ပေးခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးတိုင်းတွင် အိုင်စီတီကို တပ်ဆင် အသုံးပြုရာ၌ အောင်မြင်သည်ဟု မပြောနိုင်ပေ။ မအောင်မြင်ရသည့် အကြောင်းရင်းများကို ဆန်းစစ်ရာတွင် အောက်ပါအချက်များကို တွေ့ရသည်။
ချီလီနိုင်ငံတွင် အိုင်စီတီကို ပညာရေးတွင် အသုံးပြုနိုင်ရန်အတွက် Enlaces စီမံကိန်းဖြင့် အကောင် အထည် ဖော်ခဲ့ကြောင်း အထက်တွင် ဆိုခဲ့ပါသည်။
Enlaces စီမံကိန်းကို ကြည့်ပြီး ပညာရေးတွင် အိုင်စီတီဖြင့် ပြုပြင်ပြောင်းလဲမည်ဆိုပါက-
- ပညာရေးတွင် အောက်ခြေမှ အထက်အားလုံးကို တစ်ပြိုင်တည်း ပြုပြင် ပြောင်းလဲခြင်း၊ သင်ရိုး ညွှန်းတမ်းများကို အိုင်စီတီ အခြေခံပြီး ပြန်လည် ပြုပြင် ရေးဆွဲခြင်း၊ ကျောင်းအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အတွက် ကျွမ်းကျင် ပညာရှင်များ ငှားရမ်းခြင်း၊ ဆရာများကို အိုင်စီတီ သင်တန်းများပေးခြင်း၊ စာသင်ခန်း အတွင်း အိုင်စီတီ သုံးရန် လေ့ကျင့်ပေးခြင်း
- စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသား ၄၀ မှ ၅၀ အထိ လက်ရှိ သင်နေရသဖြင့် ထိရောက်မှု မရှိနိုင်ပေ။ သင်ကြားချိန်ကိုလည်း တိုးမြှင့်ပြီး အိုင်စီတီကို လေ့ကျင့်ပေးရန် အချိန်မရှိ။ ထိုအားနည်းချက်များကို ပြုပြင်ရန် လိုအပ်ခြင်း၊ ဆရာကျောင်းသား၊ စာသင်ခန်း အချိုးများကို လျှော့ချရန် လိုခြင်း
- ကျောင်းသားကို သင်ချင်လျှင် ဆရာကို ဦးစွာ ပြင်ရမည် ဖြစ်သည်။ ကျောင်းသားကို သင်နိုင် လောက်သည့် ဆရာများကို မွေးထုတ်ပေးရမည် ဖြစ်သည်။ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုကာ ရှေးရိုးစွဲတွင် ဖက်တွယ်ချင်ပြီး ခေတ်နောက်တွင် ချန်နေခဲ့ချင်သူများကို အနားယူခိုင်းရမည်။ ပညာရေးတွင် မျိုးဆက်သစ်တို့ဖြင့်သာ သွေးသစ်လောင်းခြင်း၊ အိုင်စီတီ ကျွမ်းကျင်သူများကိုသာ ဆရာများ နေရာတွင် အစားထိုး ခန့်အပ်ခြင်းစသည့် ပညာရေး လောက ပြုပြင် ပြောင်းလဲမှုကို တော်လှန်ရေးအသွင် ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်သည်။ အိုင်စီတီဖြင့် ပညာရေးလမ်းကြောင်းကိုသွားလျှင် အိုင်စီတီနှင့် လက်မတွဲချင်သူများကို လက်တွဲ ဖြုတ်ခဲ့ရုံမှတစ်ပါး အခြားမရှိပေ။
- ပညာရေးအတွက် တာဝန်ယူထားသည့် ပရိုဂရမ် မန်နေဂျာများသည် ဘတ်ဂျက်ကို မည်သို့ သုံးမည်၊ မည်မျှသုံးမည်၊ မည်သည့် နေရာတွင် သုံးမည်၊ မည်သူတွေနှင့် အကောင်အထည် ဖော်မည်ဆိုခြင်းကို ဆုံးဖြတ်ချက် မှန်ကန်ပြီး လုပ်ဆောင်ချက် မှန်ကန်စွာဖြင့် စေတနာ ရှေ့ထား အကျိုးများစေရန် ကြံဆောင်ရပေ လိမ့်မည်။ လုပ်ကိုင်နိုင်သူများကို လုပ်ပိုင်ခွင့် အပြည့် ပေးပြီး၊ အောင်မြင်အောင် လုပ်ဆောင်နိုင်သူများကိုလည်း အပြည့်အဝ ချီးမြှောက်ခြင်း ပြုရပေလိမ့်မည်။ တာဝန်ယူထား သူက ဟိုလူ့မယုံ၊ သည်လူ့မယုံ စီမံခန့်ခွဲမှု ညံ့ဖျင်း လျှင်လည်း လုပ်ငန်း အကောင်အထည် ပေါ်နိုင်မည် မဟုတ်ပါ။
- ပညာရေးတွင် အိုင်စီတီကို တပ်ဆင်တော့မည် ဆိုလျှင် ပညာရှင်ကို မွေးနိုင်ရပါလိမ့်မည်။ ဟာ့ဒ်ဝဲ ပညာရှင်၊ ဆော့ဖ်ဝဲ ပညာရှင်များ ပညာရေး လောကအတွက် သီးသန့်ရှိရန် လိုသည်။ ပညာရေး ဆိုင်ရာ သီးသန့် ဟာ့ဒ်ဝဲ ပညာရှင်၊ Network ပညာရှင်၊ ဆော့ဖ်ဝဲ ပညာရှင် တို့ဖြင့်သာ လုပ်ငန်း အကောင်အထည် ပေါ်စေရန် ဆောင်ရွက်နိုင်ပါ လိမ့်မည်။
အထက်တွင် ဖော်ပြခဲ့သည့် အချက်များသည် အိုင်စီတီဖြင့် ပညာရေးကို ပြုပြင် ပြောင်းလဲရန် အကြမ်းဖျင်း အချက်များသာ ဖြစ်ပါသည်။ ပြုပြင် ပြောင်းလဲမှု တစ်ခုကို လုပ်ဆောင်ရာတွင် ပြုပြင် ပြောင်းလဲလိုစိတ်နှင့် စေတနာ တို့ကလည်း အရေးကြီးပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် မိမိတို့ တစ်နိုင်ငံတည်း ရပ်ကျန်ခဲ့၍ မရနိုင်ပေ။ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည် အားလုံးအတွက် အားလုံး ဝိုင်းဝန်း ဆောင်ရွက်ရန် လိုသည့်အပြင် အဂတိတရားများနှင့် ကင်းစင်မှသာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံသစ်ကို အမြန်ရောက်မည်ဟု ထင်ပါသည်။
Written by တင်ညွန့်
Cr=>>

ခေတ်သစ်ကို တည်ဆောက်ရာတွင် ကျွမ်းကျင်မှုအသစ်များ လိုအပ်ခြင်း
အိုင်စီတီသည် လူ့ဘောင် လောကအတွင်း မဖြစ်မနေ သက်ဆင်း ဝင်ရောက်လာခဲ့သည်။ မသုံးမဖြစ်၊ မရှိမဖြစ် အသွင် ဆောင်လာကြောင်းလည်း တွေ့ရသည်။ ဥပမာ- လုပ်ငန်းခွင်၊ သင်ကြားရေး၊ အပန်းဖြေရေး၊ ကျန်းမာရေးစသည့် နေရာတိုင်းတွင် အိုင်စီတီသည် မရှိမဖြစ် ပါဝင်လာခဲ့ရသည်။ လူသားတို့သည် ခေတ်သစ်တွင် သတင်း အချက်အလက်များကို ရယူစားသုံးခြင်း မရှိဘဲ မရပ်တည်နိုင်ပေ။ လူငယ် မျိုးဆက်သစ်များ အတွင်း၌လည်း ပြိုင်ဆိုင်မှုအား ကြီးမားလာသည်။ သတင်း အချက်အလက်များကို ပိုမိုရယူ သုံးစွဲနိုင်သူသည်သာ ရှေ့တန်း ရောက်လာကြောင်း တွေ့ရသည်။ အချက်အလက်များမှသည် ကျွမ်းကျင်မှုကို ရယူနိုင်သည်။ ကျွမ်းကျင်မှုမှသည် အောင်မြင်မှုကို ရနိုင်သည်။ ကွန်ပျူတာနှင့် Network တို့သည် လူငယ်တို့ မက်မောစွာ တမ်းတသည့် အချက်အလက်များကို အမြန်ဆုံးနှင့် အပြည့်စုံဆုံး ဖြည့်ဆည်း ပေးနိုင်သည့် နေရာများ ဖြစ်လာသည်။ ပညာရေးတွင်လည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ၊ သုံးခွင့် ရှိသူများသည် ရှေ့တန်းသို့ ရောက်လာမည်သာ ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးတိုင်းတွင် သုံးခွင့်ရလျှင် ဖွံ့ဖြိုးတိုးတက်မည်ကို သိလျက်နှင့် မသုံးနိုင်သောကြောင့် ဒစ်ဂျစ်တယ် ကွာဟချက်များ ဖြစ်ပေါ်နေရသည်။ နည်းပညာ အသစ်များကို မပြတ်ဖော်ဆောင်နေသည့် ကာလတွင် သုံးနိုင်သူ အသစ်များကိုလည်း တိုးပွားစေရန် ကြံဆောင်နိုင်ရမည် ဖြစ်သည်။ထုတ်လုပ်မှု တိုးမြှင့်ခြင်း
ကျောင်းဆိုသည်မှာ သတင်း အချက်အလက်များနှင့် အသိပညာများကို ရယူနိုင်သော နေရာ၊ လွှဲ ပြောင်းပေးနိုင်သည့် နေရာတစ်နေရာ ဖြစ်ရမည်။ ပညာရေးတွင် အတန်းတိုင်း၊ အဆင့်တိုင်း၊ ဌာနတိုင်း၊ နေရာတိုင်း အိုင်စီတီကို သုံးစွဲခွင့်ရှိရန် ကြံဆောင်ပေးရမည်။ အိုင်စီတီသည် အခြေခံကျသည့် လက်နက်တစ်ခု ဖြစ်နေရမည်။ မူလတန်း ကျောင်းလေးမှသည် ဝန်ကြီးဌာန အဆင့်အထိ အိုင်စီတီကို အသုံးပြုနိုင်မှသာလျှင် အချိုးညီ တိုးတက်နိုင်မည်။ အောက်ခြေက ကားပြီး အထက်က ရှူးသွားသည့် ပိရမစ်ကဲ့သို့ မဖြစ်ရေး၊ ပိရမစ် ဇောက်ထိုး မဖြစ်ရေးအတွက် တိုးတက်မှုကို အချိုးညီစွာ လုပ်ဆောင် ရန်လိုသည်။အရည်အသွေး မီသည့်သင်ယူရေးကို ရှာဖွေခြင်း
ကျောင်းများတွင် လက်ရှိ သင်ကြားသင်ယူမှု အားလုံးကို ပုံစံပြောင်းရပေလိမ့်မည်။ ပိုမို ထိရောက်သည့် သင်ကြားသင်ယူမှုမျိုး ဖြစ်စေရန်၊ ဘဝတစ်သက်တာ ပညာရှာနိုင်သည့် ပုံစံမျိုး ဖြစ်စေရန်နှင့် မိမိကိုယ်ကိုယ် အားကိုးလိုသည့် သင်ယူသူများ ဖြစ်စေရန် ပြောင်းလဲ ပြုပြင်ပေးရမည်။ အိုင်စီတီ ဆိုသည်မှာ ဘက်စုံသုံးနိုင်သည့် လက်နက်တစ်ခု ဖြစ်သည်။ စာသင်ခန်း၊ စာကြည့်တိုက်နှင့် ဆရာများ ကဏ္ဍအားလုံးကို အိုင်စီတီက ပြုပြင် ပြောင်းလဲနိုင်စွမ်း ရှိရမည်။ အထိရောက်ဆုံးနှင့် အမြန်ဆုံး သက်ရောက်မှု ရှိနိုင်သဖြင့် ထိုလက်နက်ကို တပ်ဆင်ရန် ကြံဆောင်နေကြခြင်း ဖြစ်ပါသည်။ချီလီနိုင်ငံတွင် အိုင်စီတီကို ပညာရေးတွင် အသုံးပြုနိုင်ရန်အတွက် Enlaces စီမံကိန်းဖြင့် အကောင် အထည် ဖော်ခဲ့ကြောင်း အထက်တွင် ဆိုခဲ့ပါသည်။
Enlaces စီမံကိန်းကို ကြည့်ပြီး ပညာရေးတွင် အိုင်စီတီဖြင့် ပြုပြင်ပြောင်းလဲမည်ဆိုပါက-
- ပညာရေးတွင် အောက်ခြေမှ အထက်အားလုံးကို တစ်ပြိုင်တည်း ပြုပြင် ပြောင်းလဲခြင်း၊ သင်ရိုး ညွှန်းတမ်းများကို အိုင်စီတီ အခြေခံပြီး ပြန်လည် ပြုပြင် ရေးဆွဲခြင်း၊ ကျောင်းအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အတွက် ကျွမ်းကျင် ပညာရှင်များ ငှားရမ်းခြင်း၊ ဆရာများကို အိုင်စီတီ သင်တန်းများပေးခြင်း၊ စာသင်ခန်း အတွင်း အိုင်စီတီ သုံးရန် လေ့ကျင့်ပေးခြင်း
- စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသား ၄၀ မှ ၅၀ အထိ လက်ရှိ သင်နေရသဖြင့် ထိရောက်မှု မရှိနိုင်ပေ။ သင်ကြားချိန်ကိုလည်း တိုးမြှင့်ပြီး အိုင်စီတီကို လေ့ကျင့်ပေးရန် အချိန်မရှိ။ ထိုအားနည်းချက်များကို ပြုပြင်ရန် လိုအပ်ခြင်း၊ ဆရာကျောင်းသား၊ စာသင်ခန်း အချိုးများကို လျှော့ချရန် လိုခြင်း
- ကျောင်းသားကို သင်ချင်လျှင် ဆရာကို ဦးစွာ ပြင်ရမည် ဖြစ်သည်။ ကျောင်းသားကို သင်နိုင် လောက်သည့် ဆရာများကို မွေးထုတ်ပေးရမည် ဖြစ်သည်။ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုကာ ရှေးရိုးစွဲတွင် ဖက်တွယ်ချင်ပြီး ခေတ်နောက်တွင် ချန်နေခဲ့ချင်သူများကို အနားယူခိုင်းရမည်။ ပညာရေးတွင် မျိုးဆက်သစ်တို့ဖြင့်သာ သွေးသစ်လောင်းခြင်း၊ အိုင်စီတီ ကျွမ်းကျင်သူများကိုသာ ဆရာများ နေရာတွင် အစားထိုး ခန့်အပ်ခြင်းစသည့် ပညာရေး လောက ပြုပြင် ပြောင်းလဲမှုကို တော်လှန်ရေးအသွင် ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်သည်။ အိုင်စီတီဖြင့် ပညာရေးလမ်းကြောင်းကိုသွားလျှင် အိုင်စီတီနှင့် လက်မတွဲချင်သူများကို လက်တွဲ ဖြုတ်ခဲ့ရုံမှတစ်ပါး အခြားမရှိပေ။
- ပညာရေးအတွက် တာဝန်ယူထားသည့် ပရိုဂရမ် မန်နေဂျာများသည် ဘတ်ဂျက်ကို မည်သို့ သုံးမည်၊ မည်မျှသုံးမည်၊ မည်သည့် နေရာတွင် သုံးမည်၊ မည်သူတွေနှင့် အကောင်အထည် ဖော်မည်ဆိုခြင်းကို ဆုံးဖြတ်ချက် မှန်ကန်ပြီး လုပ်ဆောင်ချက် မှန်ကန်စွာဖြင့် စေတနာ ရှေ့ထား အကျိုးများစေရန် ကြံဆောင်ရပေ လိမ့်မည်။ လုပ်ကိုင်နိုင်သူများကို လုပ်ပိုင်ခွင့် အပြည့် ပေးပြီး၊ အောင်မြင်အောင် လုပ်ဆောင်နိုင်သူများကိုလည်း အပြည့်အဝ ချီးမြှောက်ခြင်း ပြုရပေလိမ့်မည်။ တာဝန်ယူထား သူက ဟိုလူ့မယုံ၊ သည်လူ့မယုံ စီမံခန့်ခွဲမှု ညံ့ဖျင်း လျှင်လည်း လုပ်ငန်း အကောင်အထည် ပေါ်နိုင်မည် မဟုတ်ပါ။
- ပညာရေးတွင် အိုင်စီတီကို တပ်ဆင်တော့မည် ဆိုလျှင် ပညာရှင်ကို မွေးနိုင်ရပါလိမ့်မည်။ ဟာ့ဒ်ဝဲ ပညာရှင်၊ ဆော့ဖ်ဝဲ ပညာရှင်များ ပညာရေး လောကအတွက် သီးသန့်ရှိရန် လိုသည်။ ပညာရေး ဆိုင်ရာ သီးသန့် ဟာ့ဒ်ဝဲ ပညာရှင်၊ Network ပညာရှင်၊ ဆော့ဖ်ဝဲ ပညာရှင် တို့ဖြင့်သာ လုပ်ငန်း အကောင်အထည် ပေါ်စေရန် ဆောင်ရွက်နိုင်ပါ လိမ့်မည်။
အထက်တွင် ဖော်ပြခဲ့သည့် အချက်များသည် အိုင်စီတီဖြင့် ပညာရေးကို ပြုပြင် ပြောင်းလဲရန် အကြမ်းဖျင်း အချက်များသာ ဖြစ်ပါသည်။ ပြုပြင် ပြောင်းလဲမှု တစ်ခုကို လုပ်ဆောင်ရာတွင် ပြုပြင် ပြောင်းလဲလိုစိတ်နှင့် စေတနာ တို့ကလည်း အရေးကြီးပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် မိမိတို့ တစ်နိုင်ငံတည်း ရပ်ကျန်ခဲ့၍ မရနိုင်ပေ။ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည် အားလုံးအတွက် အားလုံး ဝိုင်းဝန်း ဆောင်ရွက်ရန် လိုသည့်အပြင် အဂတိတရားများနှင့် ကင်းစင်မှသာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံသစ်ကို အမြန်ရောက်မည်ဟု ထင်ပါသည်။
Written by တင်ညွန့်
Cr=>>
No comments:
Post a Comment