ထိပ်ဆုံး သတင်း :
Home » » မလေးရှား အာဏာပိုင်များက မြန်မာ နိုင်ငံသားများအား လိုက်လံဖမ်းဆီး

မလေးရှား အာဏာပိုင်များက မြန်မာ နိုင်ငံသားများအား လိုက်လံဖမ်းဆီး

6/05/2013 11:44:00 PMတွင်ရေးသည်

နက်ဖြန် ကျင်းပရန် ရှိသော မလေးရှား ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးရှေ့ ဆန္ဒပြပွဲကို ဖြိုခွဲသည့် အနေဖြင့် မလေးရှားရဲများက ဆန္ဒပြမည့် သူများဟု ယူဆ သူများအား ယနေ့ မနက်ပိုင်းမှ စပြီး မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့ တော်တွင် လိုက်လံ ဖမ်းဆီးနေသည်ဟု မလေးရှား အထွေထွေ သပိတ်ကော်မီတီဝင် တဦးက ဆိုပါသည်။

“ ဒီနေ့ စဖမ်းပါတယ်။ အနည်းဆုံးတော့ (၇၀)ပေါ့။ လောလီကား (၃) စီးနဲ့။ အဓိက ကတော့ မြန်မာသံရုံး ၀န်းကျင်မှာ ရှိတဲ့ မြန်မာတွေကိုပေါ့လေ။ ပတ်စပို့ရှိတာမရှိတာရော၊ UN ကဒ် ရှိတာ မရှိတာရော ရွေးတာ မဟုတ်ဘူး အကုန်ဖမ်းတယ်ဟု ဆို ပါသည်။

မလေးရှားရောက် မြန်မာများသည် မိမိတို့ သံရုံးရှေ့ ဆန္ဒပြရန် ဖြစ်လာသည်မှာ သံအမတ်၏ MRTV 4 မေးမြန်းခန်းတွင် မလေးရှား၌ ဖြစ်ခဲ့သော မြန်မာနိုင်ငံသား သေဆုံးမှုတွင် လိမ်လည်ပြီး ဖြေဆိုခဲ့ခြင်းကြောင့် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုပါ သည်။

လူပေါင်း (၃၀၀)ကျော် ဆန္ဒပြရန် စီစဉ်ထားသဖြင့် အင်အား ရာကျော် ရှိသော မလေးရှားရဲ၊ လဝက၊ ပြည်သူ့စစ် များ ပါဝင်သည့် အထူး စီမံချက်ဖြင့် မည်သူ့ကို မဆို ဖမ်းစီး ခဲ့ခြင်းဖြစ်ပါသည်။  ထို့အပြင် ဆာလာယန်း၊ ချရာဒ်၊ ကုလန်း၊ ဟန်ပန်း ဒေသ များ၌လည်း ဆက်လက် ဖမ်းဆီး သွားမည် ဖြစ်ကြောင်း ဆိုပါသည်။

ဆန္ဒ ပြလိုသူများသည် မြန်မာ သံအမတ် ဦးတင်လှ နှုတ်ထွက်ပေးရေး၊ အကြမ်းဖက်မှု ဖြစ်စဉ်အမှားကို ပြောကြား ခဲ့သောပြန်ကြားရေး ဝန်ကြီး ဌာန ဒု-ဝန်ကြီး ဦးရဲထွဋ် အား မှားယွင်းကြောင်း ၀န်ချတောင်းပန်စေရေးနှင့် အကြမ်းဖက် မှုကြောင့် ဒုက္ခရောက်နေရသူ များအား ကူညီ စောင့်ရှောက်မှုပေးရေးကို တောင်းဆို လိုသဖြင့် ဆန္ဒပြရခြင်းဖြစ်သည် ဟု ဆိုပါသည်။

ဤကဲ့သို့ တောင်းဆို လိုက်ရခြင်းသည် ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့မှ စ၍ ဇွန်လ (၄) ရက်နေ့အထိ သုံးရက်တာ ဖြစ်ပွားခဲ့သည့် မလေးရှား အကြမ်းဖက်မှုကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ ထိုဖြစ်စဉ်တွင် မြန်မာ နိုင်ငံသားပေါင်း (၇) ဦး ထက်မနဲ အသက် ဆုံးရှူံးရပြီး၊ (၁၅) ဦးထက်မနဲ ဒဏ်ရာ ရရှိ ခဲ့ပါသည်။

အကြမ်းဖက်မှု စတင် ခံရသော နေရာဖြစ်သည့် မလေးရှားနိုင်ငံ ဆာလာယန်း အရပ်သည် အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် ရာဇ၀တ်မှု ထူပြောသည့်နေရာဟု မြန်မာ သံအမတ်က MRTV 4 တွင် ထွက်ဆိုခဲ့ပါသည်။ ဤကိစ္စကို မကျေနပ်သော မလေးရှားရောက် မြန်မာများက ၀န်ချတောင်းပန်ရန် ဆန္ဒပြခြင်း ဖြစ်ပါသည်။ ဆန္ဒပြလိုသူများသည် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများ၏ ဂယက်ကြောင့်ဟု ယူဆနေကြပါသည်။

ဤကိစ္စနှင့် ပါတ်သက်ပြီး ယမာန်နေ့ ဇွန်လ (၄) ရက်နေ့ ၌လည်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး ဦးဇင်ယော်သည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ် မစ္စတာ အာမတ်ဖိုင်ဆဲလ်ဘင် မိုဟာမက်အား နိုင်ငံခြားရေး ဝန်ကြီးရုံးသို့ခေါ်ယူပြီး သတိထောက်လွှာ ပေးအပ် ခဲ့ပါသည်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"