ထိပ်ဆုံး သတင်း :
Home » » ရှမ်းပြည်နယ်မှ ဘိန်းစိုက်သူ တစ်သိန်း အသက်မွေးမှုပြောင်းလဲရေး ကြိုးပမ်းမည်

ရှမ်းပြည်နယ်မှ ဘိန်းစိုက်သူ တစ်သိန်း အသက်မွေးမှုပြောင်းလဲရေး ကြိုးပမ်းမည်

6/14/2013 10:16:00 AMတွင်ရေးသည်

ရှမ်းပြည်နယ်မှ ဘိန်းစိုက်ပျိုးသည့် မိသားစုတစ်သိန်းကို အခြားအသက်မွေးမှု ပြောင်းလဲစေရန် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) နှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) (SSA) တို့ ပူးပေါင်း၍ ကြိုးပမ်းသွား မည်ဟု ကုလ၏ မူးယစ်တိုက်ဖျက်ရေးဆိုင်ရာ မြန်မာနိုင်ငံတာဝန်ခံ မစ္စတာ
ဂျေဆန်အီလိုင်းက ပြောသည်။

ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးသည့် မိသားစု သုံးသိန်းကျော်ရှိပြီး ပထမဆင့်အနေဖြင့် သုံးပုံတစ်ပုံကို ဘိန်းစိုက်ပျိုးမှုဆောင်ရွက်မည့် အခြေအနေများကို ရန်ကုန်မြို့ UNODC ရုံးတွင် ဇွန် ၁၃ ရက်က တွေ့ဆုံ
ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အစိုးရ၊ UNODC နှင့် RCSS/SSA အဖွဲ့တို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သဘောတူစာချုပ် လက်မှတ်
ရေးထိုးခဲ့သော်လည်း စာရွက်ပေါ်တွင်သာရှိနေသေးပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ရှမ်းပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် UNODC နှင့် RCSS/SSA တို့ ထိုသို့ တွေ့ကာ ထပ်မံဆွေးနွေးခြင်း
ဖြစ်သည်ဟု မစ္စတာဂျေဆန်အီလိုင်း က ဆိုသည်။

''ဒီဒေသမှာရှိတဲ့သူတွေရဲ့ အစားအသောက်၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးအားလုံး လုံခြုံမှုရှိရမယ်၊ ဒါတွေအားလုံးလုံခြုံမှုရှိဖို့ လုပ်စရာအလုပ်တွေအများကြီး ရှိပါတယ်။ စစ်ပွဲတွေဖြစ်နေရင် ကျွန်တော်တို့ အဖွဲ့အစည်းတွေအနေနဲ့ ဒီဒေသတွေရဲ့ လိုအပ်ချက်တွေကို ဝင်ဖြေရှင်းပေးလို့မရပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ ဘဝလုံခြုံမှုဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အဓိကလိုအပ်ချက်ပါ''ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဘိန်းစိုက်ပျိုးထုတ်လုပ်နေသော မိသားစုများ၏ ဝင်ငွေခြောက်ဆယ်ရာခိုင်နှုန်းသည် ဘိန်းလုပ်ငန်းများမှ ရရှိခြင်းဖြစ်ပြီး ရာနှင့်ချီသောရွာများမှ အဆိုပါ မိသားစု တစ်သိန်းကျော်၏ အခြေခံလိုအပ်ချက်များသည်လည်း တူနိုင်မည် မဟုတ်သဖြင့် လက်တွေ့ဖြေရှင်းရန်မှာ ခက်ခဲကြောင်းကိုလည်း သူက ဆက်ရှင်းပြသည်။

''အရင်တုန်းက အစိုးရနဲ့ကျွန်တော်တို့ တပ်မတော်နဲ့ စစ်ပွဲတွေဖြစ်နေကြတဲ့အတွက် ပြည်သူတွေကို
ပြုစုပျိုးထောင်ပေးမှု မရှိခဲ့ဘူး။ ဒါကြောင့် ပြည်သူတွေကလည်း ဘိန်းစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးမှု ပြု လုပ်နေကြတယ်။ အခုဆိုရင် အစိုးရနဲ့

အပစ်အခတ်ရပ်စဲထားပါပြီ။ ဒါကြောင့်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်'' ဟု RCSS/SSA မှ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က မီဒီယာများကို ပြောသည်။

ရှမ်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၏ ကိုးဆယ်ရာခိုင်နှုန်းရှိသည်ဟု UNODC မှ မြန်မာနိုင်ငံ တာဝန်ခံက ပြောသည်။

မြန်မာသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံထက်ပင် ဘိန်းစိုက်ပျိုးသူဦးရေအားဖြင့် ပိုများသည်ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးဧရိယာကျယ်ပြန့်ပြီး တောင်ကြားများတွင်အများဆုံးစိုက်ကာ SSA ထိန်းချုပ် နယ်မြေ မဟုတ်သည့် တခြားသော လက်နက်ကိုင်အဖွဲ့အစည်း နေရာများတွင်လည်း ဘိန်းစိုက်ပျိုးမှုများ ရှိကြောင်း သူကဆိုသည်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"