ထိပ်ဆုံး သတင်း :
Home » » ကြားဖြတ်ရွေးကောက်ပွဲ မဖြစ်နိုင်သေးကြောင်း ကော်မရှင် ဥက္ကဌ ပြောကြား

ကြားဖြတ်ရွေးကောက်ပွဲ မဖြစ်နိုင်သေးကြောင်း ကော်မရှင် ဥက္ကဌ ပြောကြား

6/26/2013 11:10:00 PMတွင်ရေးသည်

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။
Photo:RFA
ပြီးခဲ့တဲ့နှစ်က ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပရမယ်ဆိုရင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ အချိန်ကာလ သတ်မှတ်ပြဌာန်းပေးမှသာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက် ပွဲများကို ကျင်းပပြုလုပ်ပေးသွားနိုင်မှာ ဖြစ်တယ် လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဖြေကြား ခဲ့ပါတယ်။
ပုသိမ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့ မေးခွန်းဖြစ်တဲ့ လစ်လပ်တဲ့ မဲဆန္ဒ နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ပေးဖို့ အစီအစဉ်ရှိသလား၊ မြေပုံမဲဆန္ဒနယ်က ဦးဖေသန်းက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အချိန်ကာလ အကန့်အသတ်တစ်ခု သတ်မှတ်ပြဌာန်းပေးဖို့ရှိသလားဆိုတဲ့ မေးခွန်းတွေကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့တာပါ။

ကြားဖြတ်ရွေးကောက်ပွဲများ မကျင်းပနိုင်ခဲ့တဲ့အတွက် ကချင်ပြည်နယ်အနေနဲ့ နစ်နာကြောင်း ဒါကြောင့်
ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေအရ ပြန်စိစစ်ပြီးတော့ ဆောင်ရွက်ပေးဖို့လိုတယ်လို့ ကချင်ပြည်နယ်
အင်ဂျန်းယန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောပါတယ် ။

လက်ရှိမှာလည်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ၆ နေရာ အမျိုးသားလွှတ်တော်အတွက် ၄ နေရာနဲ့ တိုင်းနဲ့ပြည်နယ်တွေအတွက် ၅ နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်နေတာဖြစ်ပါတယ်။

ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မကျင်းပနိုင်ခဲ့ပါဘူး။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ လွှတ်တော်တွင်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မရတနာဦးရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"