ထိပ်ဆုံး သတင်း :
Home » » မြန်မာရွှေ့ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ

မြန်မာရွှေ့ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ

6/11/2013 07:59:00 PMတွင်ရေးသည်

မြန်မာအလုပ်သမား လေးသိန်းမျှရှိနေသည့် မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားတချို့ တိုက်ခိုက်ခံရမှု သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ထပ်မံ မီးမောင်းထိုး
ပြလိုက်ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်များကြောင့် မြန်မာအစိုးရ စိုးရိမ်ပူပန်ကာ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ မလေးရှားသံအမတ်ကြီးကို ဆင့်ခေါ်၍ ဤသို့နောက်နောင် မဖြစ်ပွားစေရေး အာမခံချက်ပေးပါရန် သတိပေးလွှာ ပေးပို့ခဲ့သည်။

မကြာသေးခင်ကလည်း ထိုင်းနိုင်ငံ နောင်းမြို့အနီး မြစ်ထဲတွင် ပေါလောမျောနေသည့် မြန်မာအလုပ်သမား အလောင်း ၁၂ လောင်းကို မြင်ခဲ့ကြရသည်။ သူတို့က ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေရန် ရေကြောင်းမှ တစ်ဆင့် ပြောင်းရွှေ့ရောက်လာခဲ့ကြပုံရပြီး၊ လှေနစ်မြုပ်၍ သေဆုံးခဲ့ကြရသည်။ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့အခြေချကြသည်ဆိုသည်မှာ လူ့သမိုင်း စတင် ဖြစ်ပေါ်လာကတည်းက သမိုင်း၏စေ့ဆော်မှု အကြောင်းတရားတစ်ခု ဖြစ်သည်။ အချို့
ခေတ်သစ်နိုင်ငံများသည် နိုင်ငံတစ်ခုလုံးနီးပါး အသုတ်လိုက်အစုလိုက် ပြောင်း ရွှေ့အခြေချသူများဖြင့် တည်ဆောက်ခဲ့ကြသည့်နိုင်ငံများ ဖြစ်သည်။ ဥပမာအားဖြင့်ဆိုလျှင် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်လိုနိုင်ငံများ ဖြစ်သည်။ ယင်းကဲ့သို့ လူသားတို့ ရွှေ့ပြောင်းအခြေချခဲ့ကြခြင်းမှာ အတိဒုက္ခ
ပေးခံရမည်ကို ကြောက်ရွံ့သည့်စိတ်ကြောင့် လည်းကောင်း၊ စီးပွားရေးအခြေအနေ ဆုတ်ယုတ်ပျက်စီးနေသည့်
နေရာမှ ပိုမိုသာယာဝပြောသည့် ရေကြည်ရာမြက်နုရာ နေရာသို့သော်လည်းကောင်း ပြောင်းရွှေ့ခဲ့ကြခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့အခြေချသူများ ဆိုင်ရာအဖွဲ့ (International Organiz a tion for
Migration) ၏ အဆိုအရ တစ်ကမ္ဘာလုံးတွင် ပြောင်းရွှေ့အခြေချသူပေါင်း ၂၁၄ သန်းမျှရှိမည်ဟု ဆိုသည်။ ကမ္ဘာပေါ်ရှိ လူ ၃၃ ယောက်တိုင်းတွင် တစ်ဦးသည် ပြောင်းရွှေ့အခြေချသူဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များ တွင် မြန်မာနိုင်ငံသား သန်းနှင့်ချီ၍ အိမ်နီးချင်း နိုင်ငံများသို့သော် လည်းကောင်း၊ ပို၍ ဝေးကွာသည့် နိုင်ငံများ သို့သော်လည်းကောင်း ပြောင်းရွှေ့အခြေချခဲ့ကြသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေး၊ သို့မဟုတ် တစ်စိတ်တစ်ပိုင်းသော စစ်တပ်လွှမ်းမိုး အုပ်ချုပ်ထားသည့်ပုံစံထဲတွင် နစ်မြုပ်နေခဲ့ရပြီး၊ လွဲမှားသော စီးပွားရေး စီမံခန့်ခွဲမှုများနှင့် အလုပ်လက်မဲ့အခြေအနေများ ကြုံတွေ့ခဲ့ကြရသည်။ ထို့ကြောင့် သန်းနှင့်ချီသော မြန်မာနိုင်ငံသား များ ရေကြည်ရာမြက်နုရာသို့ ရွှေ့ပြောင်းခဲ့ကြသည်။

မြန်မာနိုင်ငံသားတို့က စက်ရုံများထဲတွင်၊ သင်္ဘောများပေါ်တွင်၊ လယ်ယာခြံများတွင် အလုပ် လုပ်ကိုင်ကြသလို၊ အိမ်များအတွင်း အိမ်ဖော်များအဖြစ် ကြုံရာကျပမ်း အလုပ်များစွာကို လုပ်ခဲ့ကြရသည်။ ထိုင်းနိုင်ငံကဲ့သို့သော အချို့သောနိုင်ငံများတွင် သိသာထင်ရှားသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိခဲ့ခြင်းမှာ၊ ရွှေ့ပြောင်းလုပ်သားထုတို့၏ လုံ့လဝီရိယလည်း တစ်ခုအပါအဝင် ဖြစ်သည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားအများအပြားသည် လုပ်ငန်းခွင် မလုံခြုံမှု၊ တစ်ခါတရံ တွင် အန္တရာယ်များသည့်၊ ခက်ခဲပင်ပန်းသည့် လုပ်ငန်းခွင်များအတွင်း ရှင်သန်ရပ်တည်နိုင်ရေး ရုန်းကန်နေကြရသည်။ သူတို့ လုပ်ကိုင်နေကြရသည့် အခြေအနေသည် အိမ်ရှင်နိုင်ငံရှိ ဥပဒေမူဘောင်တို့နှင့်လည်း တစ်စုံတစ်ရာအားဖြင့် မညီညွတ်နိုင်ခဲ့ကြချေ။

သို့သော်လည်း အကောင်းဘက်က မျှော်လင့်လျှင်မူ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပင်လယ်ကိုဖြတ်၊ နယ်စပ်ကိုကျော်စွန့်စားရမည့်သူများ အရေအတွက်အားဖြင့်
လျော့နည်းကျဆင်းလာပေလိမ့်မည်။ ဈေးချိုသည့် လုပ်သားများဖြင့် လက်ရှိ အကျိုးစီးပွားဖြစ်နေကြသည့်
နိုင်ငံများကလည်း၊ သူတို့၏ စက်ရုံများ လည်ပတ်ရန် လုပ်သားဈေးချိုချိုဖြင့် ဆက်လက်ရနိုင်တော့မည် မဟုတ်ကြောင်း အသိအမှတ် ပြုလာကြမည်။ ထို့အပြင် အာဆီယံအဖွဲ့ကြီးကလည်း ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC) အဖြစ် ပေါင်းစည်းနိုင်ရေး ကြိုးပမ်းလျက် ရှိသည်။

ထိုမျှမက လက်ရှိရရှိထားသည့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) မူဘောင်ထက် ကျော်လွန်၍ ပိုမိုလွတ်လပ်လုံခြုံစွာ လုပ်သားများ ပြောင်းရွှေ့နိုင်ရေး၊ ပြောင်းရွှေ့အခြေချ လုပ်သားများအတွက် ကာကွယ်မှု
ပေးနိုင်ရေး ကိစ္စများအပေါ်တွင် ကြိုတင်မြော်မြင်ကာ တောင်းဆိုမှု များ ရှိနေကြရဦးမည်မှာလည်း မလွဲမသွေပင်
ဖြစ်သည်။
Cr=>>

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"