Monday, June 03, 2013

ဆယ်ခါလောက် နားထောင်ကြည့်ပါ

မေးတဲ့ သတင်းထောက်ဆရာမကြီးက အသေအလဲ လိုက်မေးတာ မဟုတ်ဘူးလား ။ အဲသည် အချိန်မှာ ဒေါ်စုဟာ ညနေ ၃ နာရီ နေပြည်တော် ပြန်ရန် ပြေးထွက်မတတ် အလောကြီးနေတဲ့ အချိန်ပါ ။ အတင်း (Arm Twist) မေးနေတဲ့ မေးခွန်းကို အလောတကြီး (Off the Record) ဖြေလိုက်တဲ့ သဘောမျိုးပါပဲ ။

ဘေးနဘီမှာ ရှိတဲ့ ပြည်တွင်း သတင်းထောက်အများစုက မကြားလိုက်သလို သတင်းအဖြစ် လည်း အလောသကော မတင်ကြပါဘူး ။ ဒေါ်စု ထိုင်ခုံပေါ်မှာ ထိုင်ပြီး ပြောသွားတာတွေ ကိုပဲ ရေးကြ ပါတယ် ။

သို့သော်ငှား ဒေါ်စုက သူ့ရဲ့ အမြင်ကို အရှိအရှိ အတိုင်း ဖြေသွားတာပါ ။ သူ မသိကြောင်း လည်း ၂ ပြန် ထပ်ပြီး ပြောပြသွားပါတယ် ။ အမှန်ကတော့ ဒေါ်စု မသိသေးတဲ့ မလေ့လာ ရသေးတဲ့ အခြေအနေကို ပုံကြီးချဲ့ပြီး ရေးသားသွားတာပါ ။

Lesson ပေါ့ ။ အတော် ရင်းလိုက်ရတဲ့ Lesson ပေါ့ ။ ဒါပေမယ့် ကျေနပ်ပါတယ် ။ နောက်ကို ဆို ဒီလို ခရီးသွား ဟန်လွဲ မေးတာ ဖြေတာတွေကို ရှောင်ကျဉ်ရမှာပေါ့ ။ ဒါပါပဲ ။

( အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး )

ရှယ်လည်း ပေးကြပါအုံး ။ ဒေါ်စုရဲ့ အဖြေစကားအပေါ် စိတ်ထိခိုက်သွားတဲ့ လူအများ နားဆင် ရအောင်ပါ ။

(( မှတ်ချက် ။ 'အေး' ရယ် ... ဦးသိန်းစိန် ၊ ဒါမှမဟုတ် ဦးရဲထွဋ်နဲ့ ကွန်ဖမ်းလုပ်ပြီးမှ ကျနော်တို့ ခေါင်းဆောင်ကို လာမေးပါလား ။ ))
Cr=>>

No comments:

Post a Comment