Tuesday, June 18, 2013

အာဆီယံ ဥက္ကဌအဖြစ် မြန်မာ တာဝန်ယူဖို့ ပြင်ဆင်မှု အောင်မြင်

လာမယ့် ၂၀၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူဖို့ မြန်မာအစိုးရ ပြင်ဆင် ဆောင်ရွက်နေတာ တွေ ဟာ အဆင်ပြေချောမွေ့နေတယ်လို့ သိရကြောင်း Jakarta Post သတင်းစာက ဖေါ်ပြပါတယ်။
အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်က

 '"အာဆီယံဥက္ကဌတာဝန်အတွက် အဆင်သင့်ဖြစ်လုနီး နေပါပြီ၊ အသေးစိတ်ကိစ္စကလေးတွေသာ ကျန်ပါတော့တယ်၊ လာမယ့် စက်တင်ဘာလမှာ  အားလုံးပြည့်စုံ သွားမှာပါ"လို့ Jakarta Post
ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေး ၀န်ကြီးဌာန အာဆီယံရေးရာ ဒုတိယညွှန်ကြားရးမှူးချုပ် ဦးအောင်ထူး ကလည်း မြန်မာနိုင်ငံ အနေ နဲ့ ဥက္ကဌတာဝန်ယူဖို့ဆုံးဖြတ်လိုက်တဲ့ ၂၀၁၁ ခုနှစ်မတိုင်မီ ကတည်းက ပြင်ဆင်မှုတွေစတင်ခဲ့ကြောင်း၊ အာဆီယံစည်းဝေးပွဲ တွေကျင်းပုံနဲ့ပတ်သက်ပြီး လေ့လာဖို့ အင်ဒိုနီးရှား နဲ့ကမ္ဘောဒီးယားတို့ကို ကျွမ်းကျင်သူ တွေစေလွှတ်ခဲ့ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ကို ၀င်ရောက်ခဲ့ပြီး မကြာခင် ဥက္ကဌ တာဝန်ယူဖို့ အလှည့်ကျခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်ကျမှ တာဝန်ယူဖို့ရွှေ့ဆိုင်းခဲ့ပါတယ်။
၂၀၁၁ခုနှစ် အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ အာဆီယံညီလာခံမှာတော့  ၂၀၁၆ခုနှစ်အစား ၂၀၁၄ ခုနှစ်မှာ ဥက္ကဌအဖြစ်တာဝန်ယူဖို့ဆုံးဖြတ်ခဲ့ပြီး လာအိုနိုင်ငံနဲ့ လဲလှယ်ခဲ့တာ ဖြစ် ပါတယ်။
Cr=>>

No comments:

Post a Comment