မြ၀တီမြို့နယ် ဆုံဆည်းမြိုင်မှာရှိတဲ့ ကလို့ထူးဘော DKBA ဌာနချုပ်မှာ ပြုလုပ်တဲ့ “ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ”ကို တက်ရောက်သူ အရေအတွက်က ပထမနေ့ကထက် အများကြီးနည်းသွားပါတယ်။
၃ ရက်ကြာ ဆွေးနွေးပွဲကို ဒီနေ့ နောက်ဆုံးနေ့အဖြစ်နဲ့ကျင်းပပြီး ဆွေးနွေးပွဲရလဒ်တွေကိုကြေညာချက်တစောင်ထုတ်ပြန်မယ်၊ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်လို့ သိရပါတယ်။
နှီးနှောဖလှယ်ပွဲကို ဆက်လက်လုပ်ဆောင်နိုင်ဘို့အတွက် ၁၂ ဦး ပါတဲ့ လုပ်ငန်းကော်မတီတရပ်ကိုလည်း ရွေးချယ်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။
ရန်ကုန်အခြေစိုက်သတင်းထောက်တွေကတော့ သတင်းစာရှင်းလင်းပွဲအတွက် ဆုံဆည်းမြိုင်မှာ အရံသင့်စောင့်ဆိုင်းနေကြပါတယ်။
(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
Cr=>>
No comments:
Post a Comment