ထိပ်ဆုံး သတင်း :
Home » » မြန်မာအစိုးရတပ်နှင့် KIA ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ ဆက်ဖြစ်

မြန်မာအစိုးရတပ်နှင့် KIA ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ ဆက်ဖြစ်

6/11/2013 11:41:00 PMတွင်ရေးသည်

ပန်းဆိုင်း (ကြူကုတ်) ဒေသမှ KIA တပ်ဖွဲ့များ။
ကချင်ပြည်နယ်တွင် တိုက်ပွဲများ မရှိသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မုန်ဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၃၆ နယ်မြေတွင် မြန်မာအစိုးရနှင့် KIA ကြား ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ဇွန်လ ၁၀ ယနေ့  KIA တပ်ရင်း ၃၆ နယ်မြေ KIA ပြည်သူ့စစ် (MHH) တပ်ဖွဲ့များရှိနေသည့် နေရာ ဖိုင်ကောင်း (Hpai Kawng) ကျေးရွာအစွန်းတွင် ပန်ဆိုင်းနှင့် မုန်ဂိုးဘက်မှ စစ်ရေးလှုပ်ရှားလာသော အင်အား ၁၀၀ ခန့်ရှိသော အစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MHH တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဒီနေ့ ၁၂ နာရီခွဲထိ တစ်ကြိမ်။ အဲဒီနောက် ၁၀ မိနစ်လောက်နားပြီး ၂၀ မိနစ်လောက်ပြန်ပစ်တယ်။ အဲဒီနောက် သူတို့အောက်ဘက်ပြန်ဆုတ်သွားတယ်။ အဲဒီနေရာကို ကျနော်တို့ပြန်ပြီးနေရာသွားယူလိုက်တယ်။ သူတို့ဆုတ်သွားပြီး ခရွမ်နဲ့ ကောင်းဆဲမှာသွားနေတယ်။ အခုလဲ သူတို့နဲ့ သိပ်မဝေးဘူး။ နီးနီးလေးပဲ။”

ထို့ပြင် ဇွန်လ ၈ ရက်နေ့ညတွင်လည်း KIA တပ်ရင်း ၃၆ နယ်မြေ KIA ပြည်သူ့စစ် (MHH) တပ်ဖွဲ့များနေရာ ယူထားသော နမ်ဟူး (Nam Hu) ရွာအနီးသို့ စစ်လှုပ်ရှားလာသော ခလရ ၁၂၈ တပ်ဖွဲ့များနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KIA တပ်မဟာ ၄ အထက်ပိုင်းအရာရှိတစ်ဦးကပြောသည်။

“ည ၁၀ နာရီမှာ တစ်ကြိမ်။ ၁၁ နာရီမှာ တစ်ကြိမ်။ ပြီးတော့ ၉ ရက်နေ့ပေါ့နော် မနက်ပိုင်း ၂ နာရီမှာ တစ်ကြိမ်။ တစ်ခါပစ်ရင် ၁၅ မိနစ်လောက်ပစ်ကြတယ်။ သူတို့က ကျနော်တို့ရဲ့နေရာကိုလာတော့ ကျနော်တို့က ပစ်လိုက်တာပေါ့။”

ထိုနေရာတွင်ပြင် ဇွန်လ ၉ ရက် ယမန်နေ့တွင်လည်း ၎င်းတပ်ဖွဲ့များသာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIO နှင့်အစိုးရတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခြင်းသည် ဇွန်လ ၉ ရက် ယမန်နေ့တွင် ၂ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ထိုပြည်တွင်းစစ် နှစ်နှစ်ပြည့် အထိမ်းအမှတ်ဆုတောင်းပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ ကချင်လူမှုအသိုင်းအ၀ိုင်းမှ ဦးဆောင်ကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap တက္ကသိုလ်တွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခန်းအနားတွင် တိုက်ပွဲ နှစ်နှစ်အတွင်း ကြုံတွေ့ခံစားခဲ့ရသော ဒုက္ခသည်ပြည်သူများ၏ အခက်အခဲ အခြေအနေများကို ရှင်းပြခဲ့သည်။

ထို့အပြင် မြန်မာအစိုးရအနေဖြင့် ထိုးစစ်ဆင်မှုများ ရပ်တန့်ပြီး စစ်တပ်များ ရုတ်ပေးရန်၊ တရုတ်အစိုးရအနေဖြင့် စစ်ပြေးဒုက္ခသည်များကို လက်ခံပေးရန်နှင့် နိုင်ငံတကာမှ ဒုက္ခသည်များကို လူသားခြင်း စာနာအကူညီများပေးရန် ကြေညာချက်စာ တစ်ဆောင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် မြစ်ကြီးနား ဆွေးနွေးမှုတွင် နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန်နှင့် တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ညှိနိုင်းဆောင်ရွက်သွားရန်တို့ပါသော အချက် ၇ ချက် သဘောတူညီလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးမှုနောက် တစ်ပတ်ခန့် ခဏသာ ပစ်ခတ်မှု ငြိမ်သက်ပြီး ယခုပြန်လည် ပစ်ခတ်လာခြင်းဖြစ်သည်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"