ထိပ်ဆုံး သတင်း :
Home » » မြန်မာပြည်ကားနံပါတ်တွေကို အပြောင်းအလဲ နည်းနည်း လုပ်တော့မယ်

မြန်မာပြည်ကားနံပါတ်တွေကို အပြောင်းအလဲ နည်းနည်း လုပ်တော့မယ်

7/02/2013 10:16:00 PMတွင်ရေးသည်

လာမယ့်  တနင်္လာက စပြီး မြန်မာပြည်က ကားနံပတ်တွေမှာ စတစ်ကာ ကပ်တဲ့ အစီအစဉ် အစပြုပါမယ်။

အစိုးရရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ဆိုရင် ...

နံပါတ်ပြား အပေါ်ဘက်နားမှာ ကိုယ့်ဒေသရဲ့ အတိုကောက် သင်္ကေတ ကပ်ရပါမယ်။
ရန်ကုန် ဆိုရင် YGN ကပ်၊ မန္တလေး ဆိုရင် MDY  ကပ်။


"မူသေအမှတ် ဖောင်းကြွနံပါတ်ပြားများအား ပြုလုပ်ပေးနိုင်သည့် အလုပ်ရုံများကို ပွင့်လင်းမြင်သာစွာ အိတ်ဖွင့်တင်ဒါ ခေါ်ယူ၍ ဆောင်ရွက်သွားစေပါမည်"
လို့ အစိုးရ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နိုင်ငံ အများအပြားမှာတော့ ကားနံပါတ်တွေ ဒီလို ဖြစ်နေကြပါပြီ။
ကားတစီးကို နံပတ် ကြည့်လိုက်တာနဲ့ ဒီကားဟာ ဘယ်ဒေသမှာ မှတ်ပုံတင်ထားတဲ့ကားဖြစ်တယ် ဆိုတာ လူတိုင်း ချက်ချင်း သိစေမယ့် အမှတ်အသား ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ရည်ရွယ်ချက်ကတော့ "တိုင်းဒေသကြီး/ပြည်နယ်များတွင် မှတ်ပုံတင်ထားသည့် ယာဉ်စာရင်းဇယားများ မှန်ကန်ရေး၊ ယာဉ်အရေအတွက် ထိန်းသိမ်းနိုင်ရေး ...." စသဖြင့် ဖော်ပြထားတာပါ။

ကပ်ရမယ့် အတိုကောက် သင်္ကေတတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


ကချင် - KCN
ကယား - KYH

ကရင် - KYN
ချင်း - CHN

စစ်ကိုင်း - SGG
တနင်္သာရီ - TNI

ပဲခူး - BGO
မကွေး - MGY

မန္တလေး - MDY
မွန် - MON

ရခိုင် - RKE
ရန်ကုန် - YGN

ရှမ်း - SHN
ဧရာဝတီ - AYY


Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"