ထိပ်ဆုံး သတင်း :
Home » » ကားမှောက်ခဲ့သော အဆိုတော် ဆိုတေး ယနေ့ညနေ ၄နာရီခွဲအထိ သတိမရသေး

ကားမှောက်ခဲ့သော အဆိုတော် ဆိုတေး ယနေ့ညနေ ၄နာရီခွဲအထိ သတိမရသေး

7/14/2013 10:59:00 PMတွင်ရေးသည်

အဆိုတော်ဆိုတေး အားဆေးရုံသို့ခေါ်ဆောင်လာတာပါ – ဓါတ်ပုံ – Myanmar Celebrities
 မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေသော တေးသံရှင်ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း ၄င်းဆေးရုံမှ သိရသည်။
ယနေ့မနက် ၁၁နာရီခွဲခန့်က တေးသံရှင် အဆိုတော် ဆိုတေး တောင်သာမြို့သို့ ပွဲဆိုဖို့သွားစဉ် ကားဘီး ပေါက်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။
မိုင်တိုင် ၂၉၁/၃တွင် ဖြစ်ပွားခဲ့ပြီး ညာဘက်ရှေ့ဘီးပေါက်ကာ ကားမှာ လမ်းဘေးဝယ်ယာသို့ နှစ်ပတ်သုံး ပတ်လည်ရ်ျ ကျသွားခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း သန်းဝင်းလှိုင် အပါအ၀င် ဆိုတေး(ခ)အောင်သက်ပိုင်(၂၃)နှစ်၊ မချောချော(ခ)၀င်းဂရိသူ(၂၂)နှစ်၊ မစံပယ်မွန်(၁၈)နှစ်တို့ပါရှိပြီး မချောချော(ခ)မ၀င်းဂရိသူမှာ မိတ္တီလာဆေးရုံသို့ ပို့ဆောင် ကုသစဉ် သေဆုံးသွားကြောင်း သိရပြီး မစံပယ်မွန်မှာ ပွန်းပဲ့ ဒဏ်ရာသာ ရရှိပြီး ပြင်ပလူနာအဖြစ် ဆေးကုသလျှက်ရှိပြီး ဆိုတေးနှင့် ယာဉ်မောင်း သန်းဝင်းလှိုင်မှာ စိုးရိမ်ရသည့် အခြေနေရှိကြောင်း သိရသည်။
ယာဉ်မောင်း သန်းဝင်လှိုင်မှာ သတိရလာပြီ ဖြစ်သော်လည်း တေးသံရှင်ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း သိရသည် ။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းသန်းဝင်းလှိုင်အား သီးကုန်းရဲစခန်းမှ ပုဒ်မ ၃၀၄-က/၃၈၈ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဓါတ်ပုံ(Wyne SU’s facebook မှ photo.-
ဆိုတေးနောက်က ညီမလေး ဆုံးသွားပြီတဲ့ ခုဘဲအသိတယောက်ဖုန်းဆက်တယ် အဲ့ ညီမလေးတွက်ဝမ်းနဲပြီး အရမ်း စိတ်မကောင်းဖြစ်တယ်)
ဖိုးလပြည့်
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"