ထိပ်ဆုံး သတင်း :
Home » » ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်

ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်

7/02/2013 12:45:00 PMတွင်ရေးသည်

 
မုံရွာမြို့နယ်၊ ဇလုပ်ကျေးရွာ၊ သီရီမင်္ဂလာသုဓမ္မာကျောင်းတိုက်တွင် နှစ်လည်ဆွမ်းကျွေးတရားနာပွဲကျင်းပပြုလုပ်နေသည့်အချိန်တွင် အမျိုးသမီးလူအုပ်စုတစ်စု ရောက်ရှိလာပြီး တရားဟောဆရာတော်များနှင့် ပဋိပက္ခဖြစ်ပွားရာမှတစ်ဆင့် အမျိုးသမီးတစ်ဦးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်ခဲ့သော အမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ (၂၈.၆.၂၀၁၂)နေ့တွင် အဆိုပါကျောင်းတိုက်တွင် ပျံလွန်တော်မူသွားသော ကျောင်းထိုင်ဆရာတော် ဥူးဥာဏောဘသ၏ တစ်နှစ်ပြည့် ဆွမ်းကျွေးတရားတော်နာပွဲအား နံနက်(၆း၃၀)အချိန်မှစ၍ မုံရွာမြို့နယ် သံဃနာယကဆရာတော် ဦးဝိဇ္ဇောဘာသအပါအ၀င် ပင့်သံဃာ(၇)ပါးတို့အား ပင့်ဖိတ်ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုအချိန်တွင် ဇလုပ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် အရေအတွက် (၂၈)ဦးပါဝင်သည့် ရွာသူအုပ်စုတစ်စုသည် သံတူရွင်း၊တုတ်၊ခဲ အစရှိသည်တို့အား ကိုင်ဆောင်ပြီး ဝင်ရောက်လာကာ သံဃာတော်များအား ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ ထိုအချိန်တွင် သံဃာတော်တစ်ပါးမှ အဆိုပါဖြစ်စဉ်အား လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးနေစဉ်တွင် ဇလုပ်ရွာသူ မဇင်မာအေးမှ ထိုလက်ကိုင်ဖုန်းအား လုယူခဲ့ကြောင်း၊ ထိုသို့ပြုလုပ်သည်ကို ဆရာတော်ဦးဏ္ဍန္ဒကနှင့် ဦးဇင်းဦးဝါသေဌတို့မှ ဝင်ရောက်တားမြစ်ရာမှတစ်ဆင့် မရွှေမုန်းက အနီးရှိ ဘုရားပန်းအိုးအား ကောက်ယူကာ ဦးဝါသေဌအား ရိုက်လိုက်သဖြင့် ဦးဝါသေဌ နဖူးကွဲသွားခဲ့ကြောင်း သိရသည်။ ထို့နောက် မမြင့်မြင့်သန်းဆိုသူက သူမစီးလာသောဖိနပ်ဖြင့် ဆရာတော် ဦးဏ္ဍန္ဒက အားရိုက်ရာ ဆရာတော်၏ ဂုတ်ပိုးကို ထိမိခဲ့သည်။

ထိုကဲ့သို့ ပြုမူမှုများကြောင့် တရားနာပွဲအား ရပ်ဆိုင်းလိုက်ရပြီး ဆရာတော်များ ပြန်လည်ကြွချီရာတွင် ထိုအမျိုးသမီးအုပ်စုမှပင် အမျိုးမျိုးညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခဲ့သည်ဟုဆိုသည်။ သံဃာတော်များဘက်မှ ငြိမ်းချမ်းစွာဖြင့် မည်သည့်တုံ့ပြန်မှုကိုမျှ မပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ယင်းနောက် အာဏာပိုင်များနှင့် ရဲများရောက်ရှိလာပြီးနောက် လူစွဲကွဲသွားခဲ့ပြီး ကျောင်းတိုက်ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သံဃာတော်များဘက်မှ ဦးဇာဂရမှ မုံရွာအမှတ်(၁) ရဲစခန်းတွင် တိုင်ကြားခဲ့သည်ဟု ထပ်မံသိရှိရသည်။

အဆိုပါရွာသည် အုပ်စုနှစ်ခြမ်းကွဲနေပြီး ယခုပြဿနာမှာ သူ့ဆရာတော်၊ ငါ့ဆရာတော် ကျောင်းထိုင်နေရာ လုရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရွာခံများကို မေးမြန်းမှုများအရ သိရသည်။ ယခုအမျိုးသမီးများ၏နောက်ကွယ်တွင် အားပေးလှုံ့ဆော်သူ ရွာခံမျက်နှာဖုံး အချို့လည်းရှိနေပြီး လက်ရှိကျောင်းထိုင်အဖြစ် သီတင်းသုံးနေသောဆရာတော်သည် အဆိုပါရွာခံလူပုဂ္ဂိုလ်များ ကိုးကွယ်လိုသည့် ဆရာတော်မဟုတ်သည့်အတွက် ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်နိုင်ကြောင်း ရွာခံများ၏ ပြောကြားချက်များအရ သိရှိရသည်။
Cr=>>
ThanLarWaddy Times
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"