မြန်မာနိုင်ငံမှ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ပြီးစီးသွားချိန်တွင် အမြန်လမ်း၊ ရထားလမ်း၊ ပိုက် လိုင်းများက အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံ၏ မူလကူးသန်းရောင်းဝယ်မှုဗဟိုကို ချိတ်ဆက် ပေးကြပေလိမ့်မည်။
VOA News မှ July 2013 ရက်စွဲပါ Burma $ 8.5 billion port project facing hurdles သတင်းကို ဘာသာပြန်ဆို သည်)
ဒေသတွင်း အကြီးဆုံး စီးပွားရေးဇုန်ဖြစ်သည့်အလျောက် အဓိကတည်ဆောက်ရေးလုပ်ငန်းများကို ယခုတိုင် မစတင် ရ သေးသော်လည်း မြန်မာတောင်ဘက်ကမ်းရိုးတန်းမှ ၈.၅ ဘီလီယံဒေါ်လာတန် စီမံကိန်းအကြောင်းကို ဦးဆောင် အကောင် အထည်ဖော်မည့် ဘန်ကောက်အခြေစိုက် အီတာလျှံ-ထိုင်း ကုမ္ပဏီက ရှင်းလင်းထုတ်ပြန်ပြီး ဖြစ်သည်။
ကုမ္ပဏီအင်ဂျင်နီယာ ဆူပတ်ဆက်သာသန်၏ အဆိုအရ ထားဝယ်စီမံကိန်းသည် သံမဏိစက်ရုံ၊ ရေနံချက်စက်ရုံ မှသည် မော်တော်ကား တပ်ဆင်ခြင်းနှင့် ရေနံဓာတုလုပ်ငန်းများအထိ အရာရာကို ဖြည့်ဆည်းကမ်းလှမ်းသွားမည်ဟု ဆိုပါ သည်။
“အပေါစား လုပ်ငန်းတွေအနေနဲ့ ကွန်ပျူတာအစိတ်အပိုင်း၊ အထည်ချုပ်၊ အလှကုန်၊စားသောက်ကုန် စက်ရုံတွေ ပါဝင်မှာပါ”ဟု ၄င်းကဆိုသည်။
စီမံကိန်းအောင်မြင်စွာ ပြီးစီးသွားပါက ထိုင်း-မြန်မာ ကုန်သွယ်ရေးကို ပီပီပြင်ပြင် မြှင့်တင်နိုင်မည်ဖြစ်သော်လည်း စီမံကိန်း မစခင်ကတည်းကပင် ငွေကြေးအခက်အခဲနှင့် ပြင်းထန်သော ဒေသခံကန့်ကွက်မှုတို့ကို ရင်ဆိုင်နေရပါသည်။
ဂျပန်နိုင်ငံကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အားထုတ်သည့်အနေဖြင့် ရန်ပုံငွေရှာဖွေရေးကိစ္စကို ထိုင်းနှင့်မြန်မာ အစိုးရများက မကြာသေးမီကပင် တာဝန်လွှဲပြောင်း ယူခဲ့ကြသည်။
ထိုအတောအတွင်း ဖျက်သိမ်းခြင်းခံရမည့် ကျေးရွာများမှ ဒေသခံရွာသားများက ၄င်းတို့ဘယ်နေရာကို ပြောင်းရမ လဲ၊ လျော်ကြေးဘယ်လောက်ရမလဲ ဆိုသည်တို့ကို တိတိကျကျ မသိရသေးဟု ထုတ်ဖော်ပြောကြားထားသည်။
သူမ၏သားသမီးများက စီမံကိန်းသတ်မှတ် ဧရိယာထဲတွင် အိမ်သစ်များ ဆောက်လုပ်ထားသည်ဟုဆိုသော ဒေါ် သိန်းအေး က “ကျွန်မတို့ရွာတွေ စီမံကိန်း ဧရိယာထဲမှာ ပါနေတယ်။ မကြာခင် ရွှေ့ပေးရမယ်ဆိုတဲ့ ကောလဟာလတွေ က တော့ နေ့တိုင်း ကြားနေရတာပါပဲ။ ကျွန်မကလေးတွေရဲ့ အိမ်တွေက လျော်ကြေးပေးဖို့ စည်းကမ်းကိုက်ညီတဲ့ စာရင်းထဲမှာ မပါဘူးဆိုပေမယ့် ထိုက်တန်သော လျော်ကြေးမှမရရင် သူတို့ကရွှေ့ပြောင်းဖို့ ငြင်းကြပါလိမ့်မည်” ဟု ပြောကြားပါသည်။ အခုထိတော့ ဘာမှ မသဲကွဲသေးပါဘူးဟုလည်း သူမက ဖြည့်စွက်သည်။
ဘယ်နေရာကို ရွှေ့ရမလဲဟုမသိသေးသူ မော်တော်ဆိုက်ကယ်မက္ကင်းနစ် ဦးစိုးမြအတွက်မှာမူ သူ၏ အသက်မွေး ဝမ်း ကျေုာင်းအလုပ်မှာ အန္တရာယ်ရှိနေပြီ ဖြစ်သည်။
“ကျွန်တော့် လက်ရှိနေရာက လမ်းမကြီးရဲ့ ဘေးမှာပါ။ လုပ်ငန်းလုပ်ဖို့ ကောင်းတဲ့နေရာပေါ့။ ရွှေ့ပေးရမယ့် နေရာ သစ် ဒီလိုကောင်းတဲ့ နေရာပြန်မရဘူးဆိုရင် ကျွန်တော့်စီးပွားရေးက ဘယ်ကောင်းတော့မလဲ။ ဒါတွေက အစိုးရရဲ့ အစီအစဉ် တွေဆိုတော့ ကျွန်တော်တို့ များများစားစား မသိရပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ လိုက်နာပူးပေါင်း ဆောင်ရွက် ကြရမှာပေါ့”ဟု ဦးစိုးမြက ဆိုပါသည်။
စီမံကိန်းကန်ထရိုက်တာများက စိတ်ရင်းစေတနာကောင်းကို ပြသရန် ကြိုးစားမှုများ ပြုလုပ်ထားသော်ငြားလည်း အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံရွာသားများ၏ စိုးရိမ်ပူပန်စရာများအပေါ် ကျေနပ်ဖွယ်ဖြစ်လာအောင် များစွာအားထုတ်ရန် လိုသေးသည်ကို စီမံကိန်း မန်နေဂျာများက နားလည်သိရှိ ထားကြပါသည်။
Cr=>>

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !