အိန္ဒိယနိုင်ငံက အဲယား အိန္ဒိယ (Air India- AI) ဟာ အိန္ဒိယနဲ့ မြန်မာကို တိုက်ရိုက် ခရီးစဉ်အသစ်တခု တိုးချဲ့ ပြေးဆွဲပါတော့မယ်။
လေကြောင်းလိုင်းရဲ့ ခရီးစဉ်အသစ် ဖြစ်တဲ့ AI- 227 ဟာ အိန္ဒိယနိုင်ငံ ကာလကတ္တားက ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၅၀ မှာ ထွက်ခွာမှာဖြစ်ပြီး ရန်ကုန်ကို မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ ဆိုက်ရောက်မယ်လို့ ဆိုပါတယ်။
ရန်ကုန်က အပြန်ခရီးကိုတော့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲက ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး ကာလကတ္တားကို ဒေသစံတော်ချိန် ၁၀ နာရီခွဲမှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
အဲယား အိန္ဒိယ AI လေကြောင်းလိုင်းအနေနဲ့ အခု ပြေးဆွဲမယ့် ခရီးစဉ်သစ်မှာ ခရီးသည် ၁၄၄ ဦးလိုက် ပါနိုင်တဲ့ အဲယား ဘတ်စ် ၃၁၉ ( Airbus 319) လေယာဉ်တွေကို အသုံးပြုမှာဖြစ်တယ်လို့လည်း အဆိုပါ သတင်းက ဆိုပါတယ်။
လက်ရှိ အဲယား အိန္ဒိယ AI လေကြောင်းလိုင်းဟာ ရန်ကုန်-ကာလကတ္တား ခရီးစဉ်ကို တပတ် တကြိမ်နှုန်းနဲ့ တနင်္လာနေ့ တိုင်း ပျံ သန်း ပြေးဆွဲနေတာပါ။
အခုလို ဗုဒ္ဓဟူးနေ့ တိုင်းပြေးဆွဲမှု ခရီးစဉ်သစ်ကြောင့် ရန်ကုန်- ကာလကတ္တား ခရီးစဉ် ပြေးဆွဲမှုဟာ တပတ်ကို ၂ ကြိမ်ဖြစ်လာတော့မှာပါ။
Cr=>> အိမ့်သံစဉ် ~
ဓာတ်ပုံ- FOIN.IN
ရန်ကုန်- ကာလကတ္တား ခရီးစဉ်သစ်ကို
ဇူလိုင်လ ၁၇ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ ဗုဒ္ဓဟူးနေ့ တိုင်း ပြေးဆွဲ
မှာ ဖြစ်တယ် လို့ အိန္ဒိယအခြေစိုက် The Statesman အွန်လိုင်းသတင်း တပုဒ်က
ဖော်ပြထားပါတယ်။ လေကြောင်းလိုင်းရဲ့ ခရီးစဉ်အသစ် ဖြစ်တဲ့ AI- 227 ဟာ အိန္ဒိယနိုင်ငံ ကာလကတ္တားက ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၅၀ မှာ ထွက်ခွာမှာဖြစ်ပြီး ရန်ကုန်ကို မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ ဆိုက်ရောက်မယ်လို့ ဆိုပါတယ်။
ရန်ကုန်က အပြန်ခရီးကိုတော့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲက ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး ကာလကတ္တားကို ဒေသစံတော်ချိန် ၁၀ နာရီခွဲမှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
အဲယား အိန္ဒိယ AI လေကြောင်းလိုင်းအနေနဲ့ အခု ပြေးဆွဲမယ့် ခရီးစဉ်သစ်မှာ ခရီးသည် ၁၄၄ ဦးလိုက် ပါနိုင်တဲ့ အဲယား ဘတ်စ် ၃၁၉ ( Airbus 319) လေယာဉ်တွေကို အသုံးပြုမှာဖြစ်တယ်လို့လည်း အဆိုပါ သတင်းက ဆိုပါတယ်။
လက်ရှိ အဲယား အိန္ဒိယ AI လေကြောင်းလိုင်းဟာ ရန်ကုန်-ကာလကတ္တား ခရီးစဉ်ကို တပတ် တကြိမ်နှုန်းနဲ့ တနင်္လာနေ့ တိုင်း ပျံ သန်း ပြေးဆွဲနေတာပါ။
အခုလို ဗုဒ္ဓဟူးနေ့ တိုင်းပြေးဆွဲမှု ခရီးစဉ်သစ်ကြောင့် ရန်ကုန်- ကာလကတ္တား ခရီးစဉ် ပြေးဆွဲမှုဟာ တပတ်ကို ၂ ကြိမ်ဖြစ်လာတော့မှာပါ။
Cr=>> အိမ့်သံစဉ် ~
No comments:
Post a Comment