ထိပ်ဆုံး သတင်း :
Home » » ကာကွယ်ရေးဝန်ကြီး ရင်လတ်ရှင်နာဝပ်

ကာကွယ်ရေးဝန်ကြီး ရင်လတ်ရှင်နာဝပ်

7/02/2013 10:10:00 PMတွင်ရေးသည်

ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က အရေးပါတဲ့ ရာထူးတခုကို ယူလိုက်ပါပြီ။
အဲဒါကတော့ ကာကွယ်ရေးဝန်ကြီးရာထူး ဖြစ်ပါတယ်။

ဝန်ကြီး၊ ဒုဝန်ကြီး အများအပြား ပါဝင်တဲ့ ထိုင်းအစိုးရ၀န်ကြီးအပြောင်းအလဲမှာ အဲဒီရာထူး ယူလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးများ အပြောင်းအလဲပြုလုပ်ခြင်းကို တနင်္ဂနွေနေ့မှာပဲ ထိုင်းဘုရင်က အသိအမှတ်ပြုလိုက်ကြောင်း သတင်းတွေမှာ ရေးထားပါတယ်။

ဒါကြောင့် ရင်လတ်က ဒေသတွင်းမှာ ပထမဆုံးသော အမျိုးသမီး ကာကွယ်ရေးဝန်ကြီး ဖြစ်လာပါပြီ။
အရှေ့တောင်အာရှမှာ ဒီရာထူးကို စစ်ဗိုလ်ချုပ်တွေပဲ ယူထားကြတာပါ။

ဒီရာထူး ယူလိုက်တဲ့အတွက် ရင်လပ်က ထိုင်းစစ်တပ်ကို ပိုပြီး သြဇာသက်ရောက်လာဖွယ် ရှိပါတယ်။

ဒီစစ်တပ်ကပဲ သူ့ရဲ့ အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖြုတ်ချခဲ့တာပါ။

ထိုင်းမှာ စစ်အာဏာသိမ်းမှု မကြာခဏ ဖြစ်ခဲ့ပေမယ့် ရင်လတ်ရဲ့ လက်ထက်မှာတော့ အာဏာသိမ်းမှုဖြစ်ဖို့ အလားအလာ မတွေ့ရဘူးလို့ ဆိုရပါမယ်။

ဒီရာထူး ယူလိုက်တဲ့အတွက် ရင်လတ်က ကာကွယ်ရေးကောင်စီ အဖွဲ့ဝင် ဖြစ်သွားပါပြီ။
AFP သတင်းတပုဒ်မှာ ရေးထားချက်အရ ဆိုရင် ဒီကောင်စီက ကာကွယ်ရေးဦးစီးချုပ်ကို ရွေးချယ်ပါတယ် တဲ့။

ချောမောလှပတဲ့ ထိုင်းဝန်ကြီးချုပ် ရင်လတ်က ထိုင်းဗိုလ်ချုပ်များနဲ့ သဟဇာတ ဖြစ်ဖွယ် ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းစာ ဆောင်းပါးတပုဒ် - Yingluck, Yinglove one and all မှာ ရေးခဲ့ဖူးပါတယ်။

အခုဆိုရင်
ထိုင်းဝန်ကြီးချုပ်က စစ်ဗိုလ်ချုပ်များနဲ့ ပိုပြီး အဆင်ပြေပြီလို့ ယူဆဖွယ် ရှိပါတယ်။

ထိုင်းရဲ့ ၂၀၁၁ ရွေးကောက်ပွဲမှာ အဲဒီတုန်းက နိုင်ငံရေးသမား အသစ်စက်စက် ရင်လတ် အပြတ်အသတ် အနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ်လာသူပါ။

လာမယ့် ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်ဖြစ်လာမယ့်သူကလည်း ရင်လတ်ပဲ ဖြစ်မယ်လို့ ယူဆရပါတယ်။

(ရင်လတ်ရှင်နာဝပ်ရဲ့ ဓာတ်ပုံကို  သူ့ ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြပါတယ်။)
Cr=>>

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"