ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းလိုင်း အတွက် ရည်ရွယ် တည်ဆောက်ခဲ့သည့် CDMA
800 မိုဘိုင်းကွန်ရက်သည် သတ်မှတ်လိုင်း အရေအတွက် ပြည့်ခဲ့ပြီ ဖြစ်သည့်
အတွက် ထပ်မံချထားပေးမည့် မို ဘိုင်းဖုန်းလိုင်းများမှာ GSM ဖုန်းလိုင်းများ
ဖြစ်လာဖွယ်ရှိကြောင်း ဆက်သွယ်ရေး အင်ဂျင်နီယာမှူး တစ်ဦး က ပြောသည်။
“ညွှန်ကြားချက်တော့ မရောက်သေးဘူး။ ဖြစ်နိုင်ပါတယ်။ GSM ချထားပေးမယ်ဆိုတာ။ CDMA လိုင်းတွေကလည်း ပြည့်နေပြီဆိုတော့”” ဟု ၎င်းက ပြောသည်။ လက်ရှိကာလ၌ ငွေကျပ် ၁၅၀၀ ဖြင့် လိုင်းအရေအတွက် အများဆုံး ရောင်းချပေးနေသည့် CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ က ပူးပေါင်းရောင်းချခဲ့ခြင်းဖြစ်သည်။
MEC သည် ဧပြီလမှ စတင်၍ ၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်းလိုင်းကို တစ်လလျှင် လိုင်းအရေအတွက် ၃ သိန်းခွဲချထားပေးခဲ့သည့် အတွက် လက်ရှိအချိန် ၌ MEC မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်မှာ ၁၀ သိန်းကျော် အထိ ရှိလာခဲ့သည်။ “ဂျီ (GSM) ရရင် တော့ ဂျီပဲ ကိုင်ချင်တာပေါ့။ ဘယ်သူ့မေးမေး နားလည်တဲ့လူတိုင်း CDMA တော့ ဘယ်သုံးချင်မလဲ။ ဒါပေမယ့်လည်း သူတို့ရောင်းတာပဲ ၀ယ်ရတာ။ ကိုယ်လိုချင်တာ ဝယ်လို့မှမရတာ””ဟု CDMA ဖုန်းလိုင်း ကို ကိုင်ဆောင်ထားသည့် ကိုအာကာ က ပြောသည်။
“GSM ချထားပေးမယ်ဆို ကောင်းတာပေါ့။ အားလုံးကလည်း ဒါကိုပဲ မျှော်နေကြတာပါ။ ဈေးကွက်က သိပ်ပြီးပြောင်းလဲသွားမယ် မထင်ဘူး။ ဆိုင်တွေကလည်း များတယ်။ ထွက်တဲ့ကတ်ကလည်း နည်းတယ်။ သူမိတ်နဲ့ သူနဲ့ပဲသွားမယ် ထင်တယ်။ အရင်လို CDMA 800 ဖုန်းတွေလိုပဲ ဖြစ်မယ်ထင်တယ်”ဟု ACE ဟန်းဆက် အရောင်းဆိုင်မှ ဦးသန်းထိုက် က ပြောသည်။
Internet Journal
Cr=>>

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !