ထိပ်ဆုံး သတင်း :

ဒီနေ့စနေနေ့ပါ, ဇွန်လိုင်လ 19, 2025

Home » » မြစ်ကြီးနားရှိ ကချင် စစ်ပြေး ဒုက္ခသည်များကို အန်ဂျီအို အဖွဲ့များ ကူညီခွင့် မရသေး

မြစ်ကြီးနားရှိ ကချင် စစ်ပြေး ဒုက္ခသည်များကို အန်ဂျီအို အဖွဲ့များ ကူညီခွင့် မရသေး

7/20/2011 02:47:00 PMတွင်ရေးသည်

  http://media.voanews.com/images/Kachin+Refugees07-voaburmese-230.jpg
ချင်းမိုင်၊ ဇူလိုင် ၂၀၊ ၂၀၁၁ (YPI) - ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့တွင် လာရောက် ခိုလှုံလျက်ရှိသော ကချင်စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရသော်လည်း အစိုးရမဟုတ်သည့် အဖွဲ့ အစည်း (NGO) များ လာရောက်ကူညီနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

မြန်မာပြည်တွင်း လှုပ်ရှားနေသည့် NGO အဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ၄င်းတို့ အနေဖြင့် ဇွန်လ ၂၄ ရက်နေ့ မှစ၍ ကချင်ပြည်နယ်တွင်းရှိ ဒုက္ခသည်များအား  ကူညီထောက်ပံ့နိုင်ရန် ကြိုးစားခဲ့သော်လည်း အာဏာပိုင်များထံမှ ယခုအချိန်ထိ ခွင့်မပြုသေးကြောင်း ပြောသည်။

အဆိုပါ NGO တာဝန်ရှိသူက “စားနပ်ရိက္ခာမပြောနဲ့ ကျန်မားရေး၊ ပညာရေးတောင် အ၀င်မခံဘူး” ဟု ရှင်းပြသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA- Kachin Independent Army)  နှင့် မြန်မာအစိုးရ စစ်တပ်များအကြား သီးတင်းပတ် ၅ ပတ် ကျော်ကြာ ဖြစ်ပွားလျက်ရှိသည့်  တိုက်ခိုက်မူများကြောင့် မိမိတို့နေရပ်ရင်းမှ တိမ်းရှောင် ခိုလှုံလာသူ ကချင်စစ်ပြေး ဒုက္ခသည် ၁,၀၀၀ ကျော်ရှိပြီဖြစ်သည်ဟု  ဒုက္ခသည်များခိုလှုံလျက်ရှိသည့်  မြစ်ကြီးနားမြို့ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းကဆက်၍ “ကျွန်တော်တို့ကိုအခုထိ NGO တွေက လာမထောက်ပံ့သေးဘူးဗျာ။ အစိုးရကတော့  လာပေးတယ်။ ဒါပေမဲ့ လုံလောက်မူ မရှိပါဘူး” ဟု ပြောသည်။ ၄င်းတို့ အနေဖြင့် NGO များ၏  အထောက်အပံ့ကို လိုအပ်နေကြောင်းလည်း ဖြည့်စွက်ပြောသည်။

မြစ်ကြီးနားမြို့တွင် AZG ၊ World Concern ၊ WHO ၊ AHRN ၊ ငြိမ်းဖာင်ဒေးရှင်း ( Shalom Foundation) နှင့် မေတ္တာဖောင်ဒေးရှင်း စသည့်အစိုးရမဟုတ်သည့် အဖွဲ့အစည်းတို့၏ ရုံးခွဲများဖွင့်လှစ်ထားပြီး ကူညီရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသော်လည်း ယခု ဒုက္ခသည်အရေးတွင် မည်သည့်အဖွဲ့ကိုမျှ ကူညီခွင့်မပြုသေးဟု အဆိုပါ အဖွဲ့အစည်းများက ပြောသည်။

အစိုးရအနေဖြင့် ကချင်ဒုက္ခသည်များကို NGO အဖွဲ့အစည်းများက ထောက်ပံ့ခွင့် ပိတ်ပင်ထားသည်မှာ လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး လူအခွင့်အရေးကို ချိုးဖောက်နေသည့်ဟု စစ်ပြေးဒုက္ခသည်များကို ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူဒေါ်မိုင်းဂျာကပြောသည်

“ကချင်ပြည်သူတွေက လက်နက်ကိုင်မဟုတ်ဘူးလေ။ NGO တွေမကူညီရဘူးဆိုရင် ကျွန်မတို့ ပြည်သူတွေ အစာငတ်ပြီးသေရုံပေါ့”ဟုဖြည့်စွက်ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းက ပြည်နယ် အစိုရအဖွဲ့ အမျိုးသမီးရေးရာ နှင့် မြို့နယ်အဆင့် တာဝန်ရှိသူ လူကြီးများ လှူဒါန်းသည့် ဆန် ၄ အိတ် ဆီတစ်ပုံး ရရှိကြောင်း ဒုက္ခသည်များ လက်ခံစောင့်ရှောက်ထားသည့် ဘုရားကျောင်း တာဝန်ခံက ပြောပြသည်။

“ကျွန်တော်တို့ကို အစိုရးအဖွဲ့တွေကတော့ လာလူကြပါတယ် ဒါပေမဲ့။ မလောက်ဘူးပေါ့ လှူတယ်ဆိုတဲ့ နာမည်ခံတာတစ်ခုလောက်ဘဲလို့ ကျွန်တော်ထင်ပါတယ်” ဟုဘုရားကျောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလအတွင်း  ကချင်ပြည်နယ် ၀န်ကြီးချုပ် လဂျွန်ငန်ဆိုင်း ကလည်း မြစ်ကြီးနား မြို့ပေါ်ရှိ ဒုက္ခသည်များကို အကူအညီ အချို့လှူဒါန်းခဲ့ကြောင်း မြစ်ကြီးနားမြို့မှ မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့တွင် စစ်ပြေးဒုက္ခသည်များ နာခိုးရာဘုရားကျောင်းများမှာ တပ်ကုန်း ၊ ဇီးလွန် ၊ မန်ခရိန်၊ ဂျန်မိုင်ကောင် ၊ အင်ဂျန်တုံ အစရှိသည့် ရပ်ကွက်များမှ ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလျက်ရှိကာ ဒုက္ခသည်များလည်း ထပ်မံ ရောက်ရှိလျက်ရှိသည်ဟု  ဒုက္ခသည်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"