ထိပ်ဆုံး သတင်း :
Home » » မြန်မာ့နိုင်ငံရေးတိုးတက်မှု အင်ဒိုနီးရှားလက်ခံ

မြန်မာ့နိုင်ငံရေးတိုးတက်မှု အင်ဒိုနီးရှားလက်ခံ

11/09/2011 12:10:00 AMတွင်ရေးသည်

မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်မှုတွေ တွေ့မြင်နေရပေမဲ့ ဒီထက်ပို ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းလိုတဲ့အကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ Asean ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ထောက်ခံမှုပေးဖို့ ဆိုတာကိုတော့ ယတိပြတ် မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ Asean အသင်းရဲ့ဥက္ကဋ္ဌအဖြစ် အလှည့်ကျစဉ်တုန်းက လက်လွှတ်ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် အခုတခါမှာရော တာဝန်ယူနိုင်ဖို့ နီးစပ်မှု ရှိနေပြီလား-ဆိုတာကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဝင်းမင်းက အပြည့်အစုံ တင်ပြထားပါတယ်။
http://media.voanews.com/images/226*230/AP111029124935-dassk.jpg
နားဆင်ရန်...


ရှေ့အပတ် နိုဝင်ဘာ ၁၄ ကနေ ၁၉ အထိ လုပ်မယ့် ၁၉ ကြိမ်မြောက် အာဆီယံနိုင်ငံတွေရဲ့ ထိပ်ဆုံးက ခေါင်းဆောင်တွေ တက်မယ့် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ လုပ်မှာဖြစ်ပါတယ်။ ဒီ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ အာဆီယံလုပ်ရေးကိစ္စကို ဆုံးဖြတ်နိုင်ဖို့ ကြိုတင်လေ့လာရေး ခရီးစဉ်အဖြစ် လက်ရှိအာဆီယံဥက္ကဋ္ဌ၊ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံကို ပြီးခဲ့တဲ့အပတ်က သွားလည်ခဲ့ပါတယ်။
ဒီ ၃ ရက်ကြာ လေ့လာရေးခရီးစဉ်အတွင်းမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ အနေနဲ့ မြန်မာသမ္မတဦးသိန်းစိန်၊ ထိပ်တန်း အစိုးရအရာရှိတွေအပြင် အဓိက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့မဆိုင်တဲ့ လူထုအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေကနေ အာဆီယံနိုင်ငံခြားရေး ၀န်ကြီး လေ့လာတွေ့ရှိခဲ့တဲ့ တိုးတက်မှုတွေကြောင့် အာဆီယံက သတ်မှတ်ထားတဲ့အချက်တွေနဲ့ မြန်မာနိုင်ငံက နီးစပ်လာနေပြီလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ မိုက်ကယ်လ်တန်နီ (Michael Tene) က အခုလို ဆိုပါတယ်။
သူ့အနေနဲ့ မြန်မာနိုင်ငံခရီးစဉ်ထဲမှာ မြင်ခဲ့၊ ကြားခဲ့ရတာတွေက သိတဲ့အတိုင်း လွန်ခဲ့တဲ့တနှစ်အတွင်း အရေးပါတဲ့ ဖြစ်ပေါ် တိုးတက်မှုတွေ ရှိလာခဲ့တယ် ဆိုတာပါပဲ။ ဒီအရေးပါတဲ့ ဖြစ်ပေါ် တိုးတက်မှုတွေ ကြောင့် အာဆီယံဘက်က သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ နီးစပ်လာအောင်လည်း ဖန်တီးပေးနိုင်တယ်လေ
ဒီ မြန်မာနိုင်ငံလေ့လာရေး ခရီးစဉ်အပြီးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ကလည်း မြန်မာနိုင်ငံမှာ ပြန်နောက်မဆုတ်နိုင်တဲ့ တိုးတက်မှုတွေ စဖြစ်နေပြီလို့ သူက ခံစားရကြောင်း ပြောခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မိုက်ကယ် တန်နီကလည်း အခု လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရအနေနဲ့ ဆက်လုပ်သွားဖို့ အင်ဒိုနီးရှားဘက်က ဆက်လက် အားပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီတော့ အင်ဒိုနီးရှား အစိုးရအနေနဲ့ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ လုပ်ဖို့ကို ထောက်ခံပါသလားလို့ မေးရာမှာတော့ အင်ဒိုနီးရှားနိုင်ငံခြားရေး ပြောခွင့်ရှိသူက ကြိုတင်ဟောကိန်းတော့ မထုတ်ချင်ကြောင်းနဲ့ ထိပ်သီးဆွေးနွေးပွဲက ထွက်လာမယ့် ရလဒ်ကို စောင့်ကြည့်ဖို့ လိုကြောင်း ဆိုပါတယ်။
“ဒီလို မြန်မာနိုင်ငံထဲမှာ ဖြစ်ခဲ့တဲ့ တိုးတက်မှုတွေဟာ ထူးထူးခြားခြား အရေးပါတာမို့ ကျနော်တို့ ဘက်က ကြိုဆိုပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌလုပ်ဖို့ ကိစ္စကတော့ အခု မကြာခင်လုပ်တော့မယ့် အာဆီယံထိပ်သီး အစည်းအဝေးပွဲထဲကျမှ ၀ိုင်းဝန်းစဉ်းစား ဆုံးဖြတ်ကြရမှာပါ”
အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရ မိုက်ကယ်တန်နီကပဲ အခုလို ကြိုတင်ဟောကိန်းမထုတ် ချင်ပေမဲ့လည်း အရင် ၆ လကနဲ့ စာရင်တော့ မြန်မာနိုင်ငံထဲ က ဖြစ်ပေါ်တိုးတက်မှုတွေဟာ ထူးခြား အရေးပါတယ်လို့ အင်ဒိုနီးရှားဘက်က ခံစားလာရတယ်လို့ ဆိုပါတယ်။ အဲဒီတော့ ဘယ်လိုတိုးတက်မှုတွေကို ဆိုလိုပါသလဲလို့ ထပ်မေးရာမှာတော့ မိုက်ကယ်လ်တန်နီကပဲ -
ဒီအရေးပါတဲ့ တိုးတက်မှုတွေကို ကျနော်တို့ ရုတ်တရက်ဆိုသလို တွေ့ခဲ့ရတာလေ။ ယုံကြည်မှုကြောင့် အကျဉ်းကျနေသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ပြန်လွတ်လာခဲ့ပါတယ်။ ပြီးတော့ နောက်ထပ် ဒီထက်များများလည်း လွှတ်ဖို့အလားအလာ ရှိနေတယ်လေ
ဒါ့အပြင် မိုက်ကယ်တန်နီကပဲ မကြာခင်လပိုင်းတွေအတွင်း ဖြစ်ခဲ့တဲ့ တိုးတက်မှုတွေဟာလည်း အရေးပါတယ်၊ အဲဒီထဲက တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ပါတီ တရားဝင် လှုပ်ရှားနိုင်အောင် ဥပဒေပြင်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
လွှတ်တော်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးနဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လို ပါတီမျိုးအနေနဲ့ အနာဂတ်ရွေးကောက်ပွဲတွေမှာ ၀င်နိုင်ဖို့ ပါတီမှတ်ပုံတင် စည်းမျဉ်း ဥပဒေတွေကို ပြောင်းလဲထုတ်ပြန်ပေးခဲ့သေးတယ်လေ
ဒါ့အပြင် အင်ဒိုနီးရှား နိုင်ငံခြားရေးပြောခွင့်ရ မိုက်ကယ်တန်နီကပဲ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပြီ၊ ပူးပေါင်းဆောင်ရွက်မှုတွေ စလုပ်လာတာဟာလည်း အရေးပါတယ်လို့ ဆိုပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"