ကချင်ပြည်နယ် အရှေ့ဘက် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေတွင် KIA စစ်တင်တန်းဆင်းပွဲ ပြုလုပ်စဉ်။
နိုဝင်ဘာလ ၁ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ၁၁ နာရီအထိ ခ၀န်ဘန် (Hka Wan Bang)နှင့် လော့ဒန် (Law Dan) ကြား မြန်မာအစိုးရတပ်နှင့် KIA တိုက်ခိုက်ကြသည်ဟု ဒေသခံများပြောသည်။
မြန်မာအစိုးရ၏ အမြောက်ဆံကြောင့် KIA ဘက်မှလည်း တပ်သားတစ်ဦးကျဆုံးသည်ဟု မျက်မြင်နှင့် KIA အရာရှိများ ပြောသည်။
၃ ကြိမ်တိုင်တိုင် မြန်မာအစိုးရတပ်က ထိုးစစ်ဆင်လာသော်လည်း KIA ဘက်မှ ကြံ့ကြံ့ခံ ခုခံသဖြင့် KIA ထိန်းချုပ်ရာ လော့ဒန်သို့ မြန်မာစစ်တပ် ၀င်ရောက်လာနိုင်ခြင်းမရှိသေးခြင်းဖြစ်သည်ဟု လော့ဒန် ဒေသခံတစ်ဦးပြောသည်။
တရုတ်နယ်စပ်ကိုဆက်သွယ်ထားသည့် မန်မော်-လွယ်ဂျေကားလမ်းကို မရ ရအောင် သိမ်းပိုက်နိုင်ရန် မြန်မာအစိုးရတပ်မှ ယခုလို ခ၀န်ဘက်မှ မကြာမကြာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများနှင့် KIA အရာရှိများပြောသည်။
ဇွန် ၉ ရက် မြန်မာအစိုးရက KIA ကိုထိုးစစ်ဆင်လာပြီးနောက် ယခု ၎င်း တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းအား KIA က ထိန်းချုပ်ထားလိုက်သည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !