ထိပ်ဆုံး သတင်း :

ဒီနေ့အင်္ဂါနေပါ့, ဇွန်လိုင်လ 22, 2025

Home » » မြစ်ကြီးနား ဗလမင်းထင်တံတား အနီး ပေါက်ကွဲမှုဖြစ်ပြန်

မြစ်ကြီးနား ဗလမင်းထင်တံတား အနီး ပေါက်ကွဲမှုဖြစ်ပြန်

11/17/2011 12:31:00 AMတွင်ရေးသည်

ချင်းမိုင်(မဇ္စျိမ) ။        ။ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသော မြစ်ကြီးနားမြို့တွင် အင်္ဂါနေ့ညနေ
ခြောက်နာရီ ကျော်က စီတာပူရပ်ကွက်ရှိ ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားအနီး ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွား ခဲ့ပြန်သည်။

အစိုးရ၏ ပို့ဆောင်ဆက်သွယ်ရေးဌာန လက်အောက်ခံ ဘီးခွန်ကောက်ခံသည့် အဆောက်အအုံ အနီးတွင် ပေါက်ကွဲ ခဲ့ပြီး လူရှင်းသည့်နေရာ ဖြစ်ခြင်းကြောင့် လူအသေအပျောက်မရှိပါ။
http://wscdn.bbc.co.uk/worldservice/assets/images/2011/11/14/111114010803_kachin_map_226x170_bbc_nocredit.jpg
“ရှုးဆိုတဲ့ အသံကြားပြီးနောက်မှာ ပေါက်ကွဲသံ ထွက်လာတာပဲ။ ပေါက်တာက ခြောက်နာရီ မိနစ် ၂၀ မှာ ပေါက် တာပဲ။”ဟု စီတာပူရပ်ကွက် ဒေသခံတဦးက ပြောသည်။ ဒေသခံများက အဝေးမှ မော်တာကျည်ဖြင့် ပစ်ခတ် လိုက်ခြင်း ဖြစ်သည်ဟု ထင်ကြေးပေးနေကြသည်။

လွန်ခဲ့သည့်စနေနေ့က စတင်သော ပေါက်ကွဲမှုများကြောင့်  ယခင်လူထူထပ်စွာ သွားလာနေသော မြစ်ကြီးနားမြို့
ပေါ်နှင့် တက္ကသိုလ် ပတ်ဝန်းကျင်များတွင်လည်း သွားလာသူ ပြတ်လျက် ရှိသည်ဟု ဒေသခံများက ပြောသည်။

“ဒီမှာက တော်တော်ကြောက်နေကြတယ်။ တမင်သက်သက် အိမ်လာထည့်ထားပေးပြီးတော့ ဟိုလိုပြောခိုင်း၊ ဒီလို
ပြောခိုင်း လုပ်လာမလား။ ဘယ်အချိန်မှာ ဘာတွေပြောလာမလဲ ဆိုပြီးတော့ ကြောက်နေကြတယ်။ လူစုဖို့တောင်
ကြောက်နေကြပြီ၊ ဒီမနက် မင်္ဂလာဆောင်ပွဲ ရှိတာတောင် လူက နည်းနည်းလေးပဲ။”ဟု မြစ်ကြီးနားမြို့ခံ တဦးက
ပြောသည်။

အခြားဒေသခံတဦးကလည်း “အခုတော့ ကျနော်တို့က ညမိုးချုပ်ပြီဆိုရင် ဘယ်တော့ ဗုံးပေါက်မလဲဆိုတာပဲ နားထောင်တော့တယ်။”ဟု ပြောသည်။

တနင်္ဂနွေနေ့ညက သီတာရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သော ဦးဒယောင်တန်ဂွန်း၏ နေအိမ်တွင် ဗုံးပေါက်ကွဲ ခဲ့မှုကြောင့် ပျံ့နှံ့နေသည့် ကျည်ဆံ အပိုင်းအစများလည်း တွေ့ရှိရသည်ဟု မျက်မြင်တဦးက ပြောသည်။

ထို့ပြင် ယင်းနေအိမ်၏ အောက်ထပ်တွင် တမံတလင်း ခင်းထားပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြေအောက်ဘက် တပေခန့် နှိမ့်ကျသွားခဲ့သည်။

မြစ်ကြီးနားရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခံနေရသော ဦးဒယောင်တန်ဂွန်းကို ရဲကရိုက်နှက် စစ်ဆေးနေသည်ဆိုသော စွပ်စွဲချက်များ ဒေသတွင်း ပြန့်နှံနေသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"