အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးသစ်တရပ် တည်ဆောက်နိုင်နေပြီဖြစ် လို့ မြောက်ကိုရီးယားနဲ့လည်း ဒီလိုမျိုး ဆက်ဆံရေး စနိုင်တဲ့ အခြေအနေမှာရှိနေပြီလို့ မဆိုနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အကြီးတန်း သံတမန်တစ်ဦးက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ကြေညာခဲ့တာပါ။
ဓာတ်ပုံ AP
မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ အလားတူ သံတမန်ဆက်ဆံရေးမျိုး တည်ဆောက်ချင်ရင် ဘယ်လို ခြေလှမ်းတွေ ယူရမလဲ ဆိုတာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ၀မ်ဒီရှာမန်း (Wendy Sherman) က သတင်းထောက်တွေကို ပြောဆိုခဲ့တဲ့အကြောင်းကို Jason Strother က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက အပြည့်စုံ အစီရင်ခံထားပါတယ်။
နားဆင်ရန်...
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !