နိုဝင်ဘာ ၈ ရက်၊ ယနေ့နံနက်ပိုင်းမှစတင်ကာ မုတ်ကြိတ်ကျေးရွာ၊ ရပ်ကွက် ၁ ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာကျောင်းမှ ကျောင်းသူ/သားများနှင့် ဆရာ/မများ ၀ိုင်းမော်မြို့ပေါ်ရှိ ၀ိုင်းမော်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရုံးသို့ ထွက်ပြေးလာကြသည်ဟု မျက်မြင်များပြောသည်။
ကျမ်းစာကျောင်းတွင် ကျောင်းသား (၄၅) ဦး၊ ကျောင်းသူ (၃၈) ဦးနှင့် ဆရာ/မ စုစုပေါင်း (၁၉) ဦးရှိသည်ဟု ဓမ္မကျောင်းတာဝန်ရှိသူများမှ သိရသည်။
ထို့အပြင် စစ်ဖြစ်နေသည့် ကျမ်းစာကျောင်းအနီးမှ ပြည်သူများလည်း ၀ိုင်းမော်မြို့ထဲသို့ ထွက်ပြေးနေကြ ကြောင်း သိရသည်။
မုတ်ကြိတ်ကျေးရွာ ရပ်ကွက် (၁)သည် ၀ိုင်းမော်မြို့အရှေ့ဘက် ၆ မိုင် အကွာ၊ မြစ်ကြီးနား-ကန်ပိုင်တီလမ်း တွင် တည်ရှိပြီး ၎င်းသို့ နိုဝင်ဘာလ (၆) ရက် နံနက်ပိုင်းက အစိုးရစစ်ကြောင်းများ ရောက်လာခြင်းကြောင့် KIA နှင့် စစ်ဖြစ်လာသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !