“၄ဂနေရာ လွတ်တယ်လို့သာ ကြားတယ်လေ။ ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမယ်ဆိုတာလည်း ကျနော်တို့ တရားဝင်မသိသေးဘူးဗျ။ ဌာနချုပ်က စီစဉ်နေတာတော့ တခြား ဆယ်ပါတီမဟာမိတ်တွေလည်း ရှိတာကို။ တိုင်းရင်းသားတွေ အပါအဝင်ပေါ့။ အဲဒါတွေနဲ့ညှိတော့ နေရာ ၂၀ လောက်တော့ ဝင်မယ်လို့ဆုံးဖြတ်ထားတယ်။”
ကြားဖြတ် ရွေးကောက်ပွဲကျင်းပမယ့်နေ့ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အခုချိန်ထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင်က
“ကျနော်တို့ ဒါတွေက တရားဝင် ကြေညာပြီးတော့ ဆောင်ရွက်တဲ့ကိစ္စတွေပါ။ တချိန်မှာ တရားဝင်ကြေညာရမယ်။ နောက်ပြီးဒါတွေက လုပ်ရင်လည်း တရားဝင်လုပ်တာပါ။ ထွက်လာမှာပါ။ ကျနော်တို့က အားလုံးကို ကြေညာပြီးတော့ လုပ်တဲ့ကိစ္စတွေပါပဲ။ နည်းနည်း သည်းခံပြီးတော့ စောင့်ပါ။ ကျနော်တို့အနေနဲ့ကလည်း ကော်မရှင်ကနေ ဘာမှလမ်းညွှန်မှုမပေးထားဘဲနဲ့ ပြောပြဖို့ မရှိဘူးလေ။”

ကြားဖြတ်ကျင်းပမယ့်နေ့ကို ကော်မရှင်က တရားဝင် အသိပေးကြေညာမှာ ဖြစ်တယ်လို့လည်း ကော်မရှင်ရုံးက ပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိနေပြီး ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်အတွက်နေရာ ၂ နေရာရှိတယ်လို့ သိရပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !