မြန်မာအစိုးရအနေနဲ့ စစ်ရေးနည်းအရ ကချင်လက်နှက်ကိုင်အဖွဲ့တွေကို ဖိအားပေးပြီး အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေတယ်ဆိုရင် မှားလိမ့်မယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိပ်တန်း တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။ KIA နဲ့ မြန်မာအစိုးရ စစ်တပ်တွေကြား ဒီရက်ပိုင်းတွေအတွင်း အနီးကပ် ရင်ဆိုင်တိုက်ပွဲတွေ ပိုများလာနေသလို ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည် အရေအတွက်တွေလည်း ပိုတိုးလာနေပါတယ်။
အဲဒီ တိုက်ပွဲ အခြေအနေတွေနဲ့ KIA နဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ အခြေအနေတွေ ဘယ်လိုရှိနေတယ်ဆိုတာကို ဆယ်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာ ကချင် KIA အဖွဲနဲ့ မြန်မာအစိုးရစစ်တပ်တွေကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနေတာ တိုက်ပွဲအရေအတွက်တွေ ပိုများလာနေတာဟာ မြန်မာအစိုးရက အပစ်အခတ် ရပ်စဲရေး ကိစ္စကို စစ်ရေးနဲ့ ဖိအားပေးနေတာ ဖြစ်တယ်လို့ ကချင် KIA ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကပြောပါတယ်။
နားဆင်ရန်...
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !