ထိပ်ဆုံး သတင်း :

ဒီနေ့ဗုဒ္ဓဟူးနေ့ပါ, ဧပြီလ 16, 2025

Home » » KIA / KIO ဆိုတာ ဘယ်သူတွေကို ကိုယ်စားပြုတာလည်း

KIA / KIO ဆိုတာ ဘယ်သူတွေကို ကိုယ်စားပြုတာလည်း

11/11/2011 04:40:00 PMတွင်ရေးသည်

အခုနောက်ပိုင်းမှာ အစိုးရတပ်တွေရဲ့ တိုက်စစ်ဆင်မှုတွေကြောင့် ကချင်ပြည်နယ် လွတ်မြောက်ရေး ကချင်ပြည်နယ် လွတ်မြောက်ရေးဆိုပြီး တအော်ထဲအော်ခဲ့ ကြတဲ့ KIA / KIO တပ်ဖွဲ့တွေဟာ တစ်ဖြည်းဖြည်း အင်အားချည့်နဲ့ လာသလို အကျအဆုံးများလာတဲ့ အချိန်မှာ တစ်ချိန်က သူတို့ရဲ့ ကချင်ပြည်နယ် လွတ်မြောက်ရေးဆိုတဲ့ အခြေအနေ ကနေပြီး အခုအချိန်မှာ ကချင်လူမျိုး လွတ်မြောက်ရေး ဆိုတဲ့ လူမျိုးရေးခွဲခြား ပြီးဆက်ဆံ မှုတွေ အထိကို ရှိလာနေပြီ ဖြစ်ပါတယ် .. ဒါဟာ သူတို့ကိုယ်သူတို့ အမည်တပ်နေသော ကချင်နိုင်ငံတော် တော်လှန်ရေးတပ်ဖွဲ့ ဆိုပြီး ကချင်ပြည်နယ်အား လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသည်ဟု အမည်တပ်နေကြ သော်လည်း လက်ရှိ အမှန်တကယ် ဖြစ်ပေါ်နေသော အခြေအနေများအရ ကချင်လူမျိုး ဟုခေါ်သော ကချင်ပြည်နယ် အတွင်းရှိ ကချင်လူမျိုးစု တစ်ခုကိုသာ လူမျိုးရေးမှိုင်းတိုက်သွင်းပြီး  KIA / KIO ၏ အကြမ်းဖက်မှုများ ၊ တရားမ၀င်လုပ်ငန်းများ ၊ မှောင်ခိုလုပ်ငန်းများ ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင် စေရန် ခုတုံးလုပ် ဆောင်ရွက် နေသည်မှာ လက်ရှိအခြေအနေများ ကသက်သေပြလျှက် ရှိနေပါသည် .. ကချင်ပြည်နယ် လွတ်မြောက်ရေး ဟုသာ ဆိုပါက အဘယ်ကြောင့်  ၂၀၁၁ ၊ အောက်တိုဘာလ ( ၂၃ ) ရက်နေ့ တွင် KIA ဒုစစ်ဦးစီးချုပ်ဟု အမည်တပ်ထားသော အက်စ်ဂွန်မော် မှ " ကချင်နိုင်ငံတော် တော်လှန်ရေး တပ်ဖွဲ့ဝင်များ လိုက်နာရန် ညွန်ကြားချက် ထုတ်ပြန်ခြင်း " ဟူသော ခေါင်းစဉ်ဖြင့်  ကချင်ပြည်နယ် အတွင်း မှီးတင်း နေထိုင်လျှက်ရှိသော မြန်မာလူမျိုး တိုင်းရင်းသားများအား ယုံကြည်မှုမရှိ ဖမ်းဆီးစစ်ဆေး သတ်ဖြတ်ခြင်း များကို ပြုလုပ်ပါရန် ညွန်ကြားချက် ထုတ်ပြန်ခဲ့ရသလည်း ဆိုတာကိုတော့ မတွေးဆတက်အောင်ပင် ဖြစ်ခဲ့ရပါတယ် ..
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2eCCAZ65X-gPl2CLKuQwj-j0g3pOrXB6PMjmYof2RcE2r5wtrUK0rCfdfFe3nAV7X6iRT4xcX1sLHxZn3EJilAVnZ_pPKgBo9l-qHLIrV5WQVs6580v43PaNoEFW8xAO05wM43wAfFn5a/s640/Capture.PNG
နောက်တစ်ချက်ကတော့ လက်ရှိအောက်တွင် ဖော်ပြထားသော စစ်တမ်းများအရ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည်မှာ မြန်မာတိုင်းရင်သား ကချင်လူမျိုးများသာ မဟုတ်ပဲ တစ်ခြား တိုင်းရင်းသား လူမျိုးများ ဖြစ်ကြသော ဗမာလူမျိုးများ နှင့် ရှမ်းလူမျိုး များလည်း နေထိုင်ကြကြောင်း တွေ့ရပါတယ် ..  ထို့ကြောင့်  KIA / KIO ၏ လက်ရှိ ထုတ်ပြန်ချက်များသည် ကချင်ပြည်နယ် အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ ကြားတွင် ကချင်လူမျိုးဟူသော လူမျိုးရေး ခွဲခြားမှုများ ဖြင့် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း KIA / KIO တို့၏ အကြမ်းဖက်မှုများ ၊ တရားမ၀င်လုပ်ငန်းများ ၊ မှောင်ခိုလုပ်ငန်းများ ရေရှည် တည်တံ့အောင် ဆောင်ရွက် နေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိတော့သလို ကချင်ပြည်နယ် လွတ်မြောက်ရေး ၊ ကချင်တော်လှန်ရေးတပ်ဖွဲ့ ဆိုသော အသုံးအနှုံးများမှာလည်း လက်တွေ့ဖြစ်ပေါ်နေသော အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက အထူးပင် အရုပ်ဆိုး အကြည်းတန်လှပါသည် .. ထို့ကြောင့် အောက်တွင် ဖော်ပြထားသော အချက်အလက်များအရ KIA / KIO ဆိုတာ ဘယ်သူတွေ အတွက် တိုက်ပွဲဝင်နေရတယ် ၊ ဘယ်ပြည်နယ် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေရတယ် ၊ ဘယ်သူတွေ အတွက် ရပ်တည်နေတယ် ဆိုတာကိုတော့ ......

ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးစုများ

၁.ဗမာလူမျိုးစုများ  ( ၉၇၉၇၂ ) ဦး

၂.အခြားလူမျိုးနွယ်စုများ ( ၇၁၆၅၆ ) ဦး

( ဂ ) ဗန်းမော်ခရိုင် လူဦးရေ စုစုပေါင်း ( ၄၁၈၉၂၇ ) ဦး

       ( ၁ ) ကချင်မျိုးနွယ်စုများ ( ၁၀၇၁၉၀ ) ဦး

       ( ၂ ) ရှမ်းမျိုးနွယ်စုများ     ( ၁၂၆၄၈၆ ) ဦး

       ( ၃ ) ဗမာမျိုးနွယ်စုများ     ( ၁၆၁၂၆၁ ) ဦး
    
       ( ၄  ) အခြားမျိုးနွယ်စုများ ( ၂၃၉၉၀ ) ဦး

( ဃ ) မိုးညှင်းခရိုင် လူဦးရေ စုစုပေါင်း ( ၄၆၄၂၁၁ ) ဦး

       ( ၁ ) ကချင်မျိုးနွယ်စုများ   ( ၈၇၈၀၇ ) ဦး

       ( ၂  )  ရှမ်းမျိုးနွယ်စုများ     ( ၁၆၂၂၁၃ ) ဦး

       ( ၃ )  ဗမာမျိုးနွယ်စုများ      ( ၁၈၆၂၅၄ ) ဦး

       ( ၄ )  အခြားမျိုးနွယ်စုများ    ( ၂၇၉၃၇  ) ဦး

၃။   သို့ဖြစ် KIA / KIO အဖွဲ့သည် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသူ ပြည်သူလူထုအားလုံးကို

ကိုယ်စားပြုပါသလား ?

၎။   ကချင်ပြည်နယ် ခရိုင်အားလုံးကို ကိုယ်စားပြုပါသလား ?

၅။   ကချင်လူမျိုးအားလုံးကို ကိုယ်စားပြုပါသလား ?

၆။   ကချင်လူမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုပါသလား ?                

စဉ်းစားကြည့်နိုင်ပါတယ်..
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"