ထိပ်ဆုံး သတင်း :

ဒီနေ့စနေနေ့ပါ, ဇွန်လိုင်လ 19, 2025

Home » » KIO က တန်းတူရေး ဆွေးနွေးလိုချိန် အစိုးရက အပစ်ရပ်လို

KIO က တန်းတူရေး ဆွေးနွေးလိုချိန် အစိုးရက အပစ်ရပ်လို

11/02/2011 10:35:00 PMတွင်ရေးသည်

ျချင်းမိုင်(မဇ္ဈိမ) ။       ။ အစိုးရဘက်မှ အပစ်ခတ် ရပ်စဲရေး အတွက်သာ ဆွေးနွေးလိုနေပြီး ကချင်လွတ်မြောက်ရေး အဖွဲ့ဘက်မှမူ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုသာ ပြုလုပ်လိုနေသော ကွဲပြားမှု ရှိနေကြောင်း ကချင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

"ငြိမ်းချမ်းရေးဆွေးနွေးမှု ဆိုတဲ့နေရာမှာ အစိုးရဘက်က အပစ်အခတ် ရပ်ဆိုင်းရေးကိုပဲ ဆွေးနွေးတယ်။ ဒီအပစ်အခတ် ရပ်ဆိုင်းရေးလုပ်မယ်ဆိုရင် လွန်ခဲ့တဲ့ ၁၇ နှစ်ကာလ ပုံစံအတိုင်းပဲ ဆက်သွားမှာပဲ။ ဒါကြောင့် ကျနော်တို့ အမြဲတမ်း နိုင်ငံရေး ဆွေးနွေးမှု ဆိုတာကို ပြောဆိုနေတဲ့အဖွဲ့ဖြစ်တယ်။" ဟု ဦးလနန်ကပြောသည်။
http://www.kngy.org/wp-content/uploads/2011/06/Jan+8_2010_soldiers+of+the+KIA-AP-230.jpg
ယခုထက်တိုင် တိုက်ပွဲများဖြစ်ပွားနေသော ကချင်ဒေသငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ် ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်တို့နှင့် KIO ခေါင်ဆောင်တို့ ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က တတိယအကြိမ်မြောက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီမှုမရဘဲ ရပ်ဆိုင်းသွားခဲ့သည်။

နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုကို ဒေါ့ဖုန်းယန်မြို့နယ် လဂျားယန်ကျေးရွာရှိ KIO ထိန်းချုပ်နယ်မြေတွင် တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန် အစိုးရက သတင်းစာရှင်းလင်းပွဲများ ပြုလုပ်မှုတွင် KIO ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်
ပြောဆိုလာခြင်းများ ပြုလုပ်လာသည့်နောက်ပိုင်း အစိုးရဘက်မှ တဘက်သတ် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာ
မှု မရှိတော့သဖြင့် ပျက်ပြားသွားခဲ့ရသည်ဟု သူက သုံးသပ်သည်။

“နိုင်ငံရေးဆွေးနွေးမှုဆိုတဲ့နေရာမှာ ပြည်ထောင်စုအရေးပါ။ တိုင်းရင်းသား အရေး၊ ဒီမိုကရေစီရေး၊ တန်းတူ အခွင့်အရေး ဆိုတာလည်းပါမယ်။ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အချက်တွေ အားလုံးပါမယ်။
ဒါကြောင့် ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ နိုင်ငံရေးဆွေးနွေးမှုကို ကျနော်တို့ လိုချင်တာပါ၊ နိုင်ငံရေး အနစ်သာရ ရှိရှိ ဆွေးနွေးတာ ဖြစ်စေချင်တယ်”ဟု ဦးလနန်က ပြောသည်။

သြဂုတ် ၁၈ ရက်နေ့ကက သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းရေးအတွက် တဖွဲ့ချင်းအလိုက် ပြည်နယ် အစိုးရ အဖွဲ့နှင့်
ဆွေးနွေးနိုင်သည်ဟု ထုတ်ပြန်ကြေညာလိုက်ပြီးနောက် ဝ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့၊ မိုင်းလား အဖွဲ့တို့နှင့် ဗဟိုအစိုးရတို့ ပမာဏ သဘောတူညီချက် ရခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စုအတွင်းမှ ခွဲထွက်ခွင့်မပြုရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခွင့်ပြုရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင်
နိုင်ငံဝန်ထမ်းများ စေလွှတ်ပေးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးတို့ကို သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်၊ မွန်ပြည်သစ်၊ ကရင်အမျိုးသား အစည်းအရုံးနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံးတို့နှင့် အောက်ခြေ အဆင့် ဆွေးနွေး
ခြင်းနှင့် ဆွေးနွေးရန် ကြိုးပမ်းနေမှုများ ရှိလာခဲ့သည်။

သို့သော်လည်း ဇွန် ၉  ရက်မှသည်စတင်ကာ တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့သော KIO နှင့်တော့ ဆက်ဆံရေး
အေးနေဆဲ ဖြစ်သည်။

“တခြားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုတာကတော့ အပစ်အခတ် ရပ်ဆိုင်းရေးဆိုတဲ့ လက်မှတ်တခု
ရေးထိုးနိုင်ဖို့ သူတို့ ကြိုးစားတာပါ။ ဒါဟာ အမှန်တကယ် ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း မဟုတ်ပါဘူး၊ ဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုကို ဘယ်လို စလုပ်မယ်ဆိုတာသာ ပိုပြီးအရေးကြီးတယ်”ဟု ဦးလနန်က မဇ္စျိမကို ပြော သည်။

အင်္ဂါနေ့က  မြစ်ကြီးနား-ဗန်မော်လမ်းပေါ်ရှိ ဂါးရားယန်ကျေးရွာအနီးတွင် အစိုးရတပ်ဖွဲ့များနှင့် KIO တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များ လေး နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သူက ဆိုသည်။ အလားတူ ဗန်မော်ခရိုင် မိုးမောက်မြို့နယ် ခဝန်ဘန်ကျေးရွာ အနီးတွင်လည်း ငါးနာရီခန့်ကြာ တိုက်ခိုက်ကြသေးသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"