ပါတီရဲ့ စည်းရုံးရေး လုပ်ငန်းတွေကို အားမြှင့် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက တစ်နိုင်ငံလုံးမှာ လူငယ်အဖွဲ့တွေ စတင် ဖွဲ့စည်းသွားဖို့ မနေ့က ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့တွေကို ၂၀၁၁ ခု ဇန်န၀ါရီ အတွင်း တစ်နိုင်ငံလုံး အပြီးသတ် ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောကြားပါတယ်။ ဒီအတောအတွင်း NDF ပါတီရဲ့ ကချင်ပြည်နယ် ရုံးခွဲကို လာမဲ့ ၁၉ ရက်မှာ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ NDF ပါတီကို ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင်ဟောင်း တချို့က တည်ထောင်ထားတာ ဖြစ်ပါတယ်။
@ RFA
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ကာ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ မန္တလေးရုံးခွဲ ဖွင့်ပွဲကို သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
@ RFA
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !