ထိပ်ဆုံး သတင်း :
Home » » စစ်တပ်အင်အားလျှော့ချနိုင်လျှင် မူးယစ်ပြဿနာဖြေရှင်းနိုင်မည်ဟု SDW အဖွဲ့ပြော

စစ်တပ်အင်အားလျှော့ချနိုင်လျှင် မူးယစ်ပြဿနာဖြေရှင်းနိုင်မည်ဟု SDW အဖွဲ့ပြော

11/17/2011 01:18:00 PMတွင်ရေးသည်

အစိုးရ ချမှတ်ထားသည့် မူးယစ်ဆေးဝါးပပျောက် ရေး ၁၅ နှစ် စီမံကိန်း အောင်မြင်လိုပါက စစ်တပ် အင်အားကိုလျှော့ချရမည်ဖြစ် ကြောင်းသျှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်း ဆောင် ဦးခင်းဆာယီ က ပြောပါသည်။
http://www.mongloi.org/burmese/images/stories/newspictures/2011/october/003-KS_n_LZB.jpg
သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် ဦးခင်းဆာယီ နှင့် ပလောင်အမျိုး သမီး အစည်းအရုံးမှ သတင်းမှတ်တမ်းနှင့်သုတေသနဌာန တာဝန်ခံ လိုည်းစဲင်ဘ္လော့

“အစိုးရက တပ်တွင်းဖူလှုံရေး ရံပုံငွေရှာဖို့ အခွင့်ပေးထားတဲ့အတွက် လူထုအပေါ် ဝန်ပိစေတယ်။ လူထုကို ဘိန်းစိုက်ခိုင်းပြီး အခွန်ကောက်တယ်။ လူထုက စစ်သားတွေ စားသောက်သုံးစွဲဖို့ လုပ်ပေးနေရတယ်။ ဒါ ကြောင့် စစ်တပ်အင်အားကို လျှော့ချနိုင်ရင် မူးယစ်ပြဿနာဖြေရှင်းနိုင်မယ်” ဟု ပြောပါသည်။


မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းလိုလျှင် ရေတိုနည်းအားဖြင့် နိုင်ငံရေးအကျဉ်းသားလွတ်ပေးရန်၊ နိုင်ငံတဝှမ်း အပစ်ရပ် စဲရန်  ၊ ပြည်သူလူထု တောင်းဆိုထားသည့်အတိုင်း နိုင်ငံရေးဆွေးနွေးရန် တို့ဖြစ်သည်ဟု ဆို၏။

http://www.mongloi.org/burmese/images/stories/newspictures/2011/october/004-_show.jpg
သျှမ်းပြည်မူးယစ်ဆေးဝါးပြဿနာ အစီရင်ခံစာမိတ်ဆက်ပွဲ၌ပြသထားသော Shan Drug Watch Issue 4 နှင့် ပလောင်အမျိုးသမီးအဖွဲ့ချုပ်ထုတ် Stilled Poisoned
“ရေရှည်နည်းကတော့ ပင်လုံဟာ ပြည်ထောင်စုရဲ့အုတ်မြစ်ဖြစ်တဲ့အတွက် လျစ်လျူ မရှုဘဲ ပြန်ဖော်ထုတ်ဖို့၊ ပညာရေး စနစ်ကို ပြန်ပြင်ဖို့၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြန်ပြင်ဖို့ လိုတယ်။  ဒီလိုလုပ်နိုင်ရင် ၂၀၁၄  မှာ တရားဥပဒေနဲ့ မညီတဲ့ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းထုတ်လုပ်မှု၊ ဘိန်းကုန်ကူးမှုတွေ ပပျောက်သွားမှာ ဖြစ်တယ်”လို့ ဦးခင်းဆာယီက သျှမ်းပြည်မူးယစ်ဆေးဝါးပြဿနာ အစီရင်ခံစာမိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။


သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေး အမှတ် ၄ အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ နာရီမှ နေ့လည် ၁၂: ဝဝ နာရီကျော်ထိ ချင်းမိုင်မြို့ နီမန်ဟေီမင်ဒ်လမ်းရှိ Uniserv ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

http://www.mongloi.org/burmese/images/stories/newspictures/2011/october/005-_Presentation.jpg
Shan Drug Watch အစီရင်ခံစာမိတ်ဆက်ပွဲတွင် Presentation ဖြင့် ရှင်းလင်းပြသ
သျှမ်းပြည်ရှိ ပအိုဝ်းလူမျိုးများ သမရိုးကျ သနပ်ဖက်စိုက်ပျိုးမှုကို ပစ်ပယ်ကာ ဘိန်းစိုက်ပျိုးမှုခေတ်စားလာ သကဲ့ သို့ ပလောင်လူမျိုးများလည်း သမရိုးကျလက်ဖက်ကို ပစ်ပယ်ကာ ဘိန်းစိုက်ပျိုးမှု များပြားလာသည်ဟု အဆိုပါ အစီရင်ခံစာမိတ်ဆက်ပွဲတက်ရောက်သည့် ပလောင်အမျိုးသမီးအဖွဲ့က ဆို၏။

“အာဏာပိုင်တွေက ပြည်သူတွေ ဘာလုပ်နေသလဲဆိုတာ ဂရုမစိုက်အားဘူး။ စစ်ပွဲတွေကိုဘဲအာရုံစိုက်နေတယ်။ နောက်ပလောင်လူမျိုးတို့ မိရိုးဖလာစိုက်တဲ့ လက်ဖက်ကလဲ ဈေးနှုန်းကျလာတော့ သူတို့ရဲ့စားဝတ်နေရေး အတွက် ဘိန်းပိုစိုက်လာကြ တယ်” လို့ ပလောင်အမျိုးသမီးအစည်းအရုံးမှသတင်းမှတ်တမ်းနှင့်သုတေသန ဌာန တာဝန်ခံ လိုည်းစဲင်ဘ္လော့ က ပြောပါသည်။

၁၉၉၉ ခုကစ၍ အစိုးရက မြို့နယ် ၅၁ ခုကို မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းအဖြစ် အဓိကထား လုပ်ဆောင်ရာ သျှမ်းပြည်တွင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ မြို့နယ်၊ မိုင်းလားမြို့နယ်၊ လောက်ကိုင်မြို့ နယ်(ကိုးကန့်)၊ ပန်ဆိုင်းမြို့နယ်နှင့် ကချင်ပြည် မိုးမောက်မြို့နယ်တို့၌သာ  အောင်မြင်မှုရရှိသည်ဟု သိရှိရ သည်။

မြေပြင်ပေါ်ရှိ အဖြစ်မှန်များကို ထုတ်ဖော်ပြသလိုခြင်းနှင့် မြန်မာပြည်မှ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံ ရေးပြဿနာ၏ နောက်ဆက်တွဲဖြစ်ကြောင်း ကို ပြလိုခြင်းကြောင့် သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ ထုတ်ဝေရခြင်းဖြစ်သည်ဟု ဆို၏။
 
@ သျှမ်းသံတော်ဆင့်
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"