ထိပ်ဆုံး သတင်း :

ဒီနေ့သောကြာနေ့ပါ, မေလ 02, 2025

Home » » မလေးရှားကနေ မြန်မာပြည်ကို ဘယ်လိုပြန်ရမလဲ ??

မလေးရှားကနေ မြန်မာပြည်ကို ဘယ်လိုပြန်ရမလဲ ??

6/12/2013 09:51:00 PMတွင်ရေးသည်

မလေးရှားမှာ တရားမ၀င်ရော တရားဝင်ပါ နေထိုင်တဲ့ မြန်မာပြည်သား အများအပြား ရှိပါတယ်။
မကြာသေးခင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တချို့ကြောင့် ချက်ချင်း ပြည်တော်ပြန်လိုသူတွေ အနည်းနဲ့အများ ရှိနိုင်ပါတယ်။
သို့သော်လည်း တရားမ၀င် နေထိုင်သူတွေက ပြန်ဖို့ အခက်အခဲ မတွေ့နိုင်ဘူးလား ဆိုတဲ့ မေးခွန်း ပေါ်လာပါပြီ။
ဒီမေးခွန်းနဲ့ တခြားမေးခွန်းတွေကို အဖြေပေးထားတဲ့ မလေးရှားရောက်မြန်မာများ ဖေ့စ်ဘုတ် www.facebook.com/mmrinmy က ပို့စ်တခုကို  မူရင်းအတိုင်း ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ 


ကျွန်တော်တို့ ကို ဖုန်းဆက်တဲ့ သူအားလုံး မေးတဲ့မေးခွန်းအားလုံးကို ကျွန်တော်ဒီမှာ ဖြေပေးပါ့မယ်။

1. ပြန်မယ့်သူမှာ ပတ်စပို့စာအုပ်ရှိပါသလား ?
Passport စာအုပ်ရှိပြီး ပါမစ်မရှိပါက မလေးရှားနိုင်ငံ လူဝင်မှု့ကြီးကြပ်ရေး (IMMIGRASI) မှာ Special Pass (ပြည်ထွက်ခွင့်လက်မှတ်) အတွက် သွားရောက် ပြီးဒဏ်ကြေး ၄၀၀ တိတိ ပေးဆောင်ရပါတယ် ။ ထိုသို့ပေးဆောင်တဲ့နေရာမှာ မိမိပြန်ချင်တဲ့ရက် ပြန်လို့မရနိုင်ပါဘူး ၊ လဝက က သတ်မှတ်ပေးလိုက်တဲ့ရက်မှာ ပြန်ရတာပါ ။ ပထမ ပူထရာဂျာရာ အင်မီဂရေးရှင်းရုံးကို သွားပြီး ပြန်ဖို့ဆောင်ရွက်တဲ့နေရာမှာ နောက်ထပ်တစ်ရက် လာဖို့ ထပ်ချိန်းပါတယ် ၊ ထိုချိန်းတဲ့ ရက်ကိုမှ တစ်ပတ် ခန့်ခွာပြီး လေယာဉ်လက်မှတ်ဝယ်ရတာပါ ။

ထိုသို့ ချိန်းဆိုသောရက် သည် MAI မှပရိုမိုးရှင်းဖြင့် ရောင်းချသော ရက်ဖြင့်တိုက်ဆိုင်ပါက ပရိုမိုးရှင်း ဈေး ၂၄၀ ဖြင့်ဝယ်ယူနိုင်ပြီး MAI မှရောင်းချသည့် ၁၂.၇.၂၀၁၃ နောက်ဆုံးရက်နောက်ပိုင်းမှပြန်ရပါက ထိုရက်အတွက်ရှိသောဈေးဖြင့် သာဝယ်ယူနိုင်မည်ဖြစ်သည် ။

အထက်ပါအတိုင်း မလေးရှားနိုင်ငံ အင်မီဂရေးရှင်းရုံးမှ ချိန်းဆိုသောရက်တွင် လက်ဗွေနှိပ်ရပြီး ပြန်မည့်သူ၏ BIO DATA အားယူထားမည်ဖြစ်ပြီး ၅ နှစ်အတွင်းမလေးရှားသို့ပြန်လည်ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းသိထားရန်လိုသည် ။

2. ပြန်မည့်သူမှာ Passport မရှိဘူး မှတ်ပုံတင်ပှဲရှိတယ် ရပါသလား ?
ရပါတယ် .... မိမိတွင်ရှိသော မှတ်ပုံတင် (သို့) မိတ္တူယူပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် CI ( certificate of identity ) လျှောက်ပြီး CI ရပါက အထက်ပါ Passport ရှိသူများအတိုင်း မလေးရှား အင်မီဂရေးရှင်းရုံးမှာ Special Pass သွားလျှောက်ထားပြီး ပြန်နိုင်ပါတယ် ။

3. Passport ရှိတယ် Permit ရှိတယ် သူဌေးက ပြန်မလွတ်ဘူး ပြန်လို့မရဘူး ပြန်ချင်တယ် ဘယ်လိုလုပ်ရမလဲ ?
လက်ရှိ မလေးရှားမှာ အများဆုံး ဖြစ်နေတဲ့ ပြဿနာပါ ၊ မလေးရှားက လုပ်ငန်းရှင်းတွေကတော့ စာချုပ်နဲ့ ခေါ်ယူထားတဲ့သူတို့ အလုပ်သများတွေကို လွယ်လွယ်နဲ့တော့ပြန်လွတ်မှာ မဟုတ်ပါဘူး ၊ ဒါက သူတို့ အတွက် ဆုံးရှုံးမှု့ ဖြစ်တာကြောင့် ပတ်စပို့ပြန်ပေးဖို့ လွယ်မည်မဟုတ်ပါ ။

မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်မှ အန္တရယ်များလို့ မဖြစ်မနေပြန်မယ်ဆိုရင်တော့ ပထမဆုံး မြန်မာသံရုံးမှာ အသစ်ရောက်ရှိနေတဲ့ အလုပ်သမားရေးရာ သံမှူး ထံ အကူညီတောင်းပါ ။ သူတို့ ညှိနှိုင်း ပေးရင်တော့ အဆင်ပြေလောက်ပါတယ် ။

အဲ့လို မဟုတ်လို့ မိမိတို့ သဘောနဲ့ ပြန်မယ်ဆိုရင်တော့ .....
ဒုတိယ ပတ်စပို့ မရှိတဲ့ သူတွေ လုပ်ရမည့် လုပ်ငန်းစဉ်အတိုင်းလုပ်ရမည်ဖြစ်ပါတယ် ။

ကျွန်တော်တို့ ဘာကူညီပေးသလဲ ?
ယနေ့အထိ ကျွန်တော်တို့ ထံ ရောက်ရှိလာတဲ့ အကူညီအနေဖြင့် ပထမဆုံး မနက်ဖြန် ၁၃.၆.၂၀၁၃ အတွက် အခမဲ့လောယာဉ်လက်မှတ် ဒါနပြုပါတယ် ။ ဒီ့အတွက် ဧရာဝတီ ဖောင်ဒေးရှင်းက လာရောက်ကူညီသူများက ထောက်ပံတာဖြစ်ပါတယ် ။

ဒုတိယ MAI က ပြန်လိုသော မြန်မာနိုင်ငံသားများ ပြန်နိုင်ဖို့ ၁၂.၆.၂၀၁၃ မှ ၁၂.၇.၂၀၁၃ အထိ လေယာဉ်လက်မှတ် 240RM ဖြင့်ရောင်းချ ပေးသည့်အတိုင်း ပြန်လည်ရောင်းချပေးပါတယ် ။

တတိယ ယခု လာရောက်သည့် မြန်မာပြည်မှ လုပ်ငန်းရှင်ကြီးမှာရဲ့ အလှူးငွေနဲ့ အကူညီကို သယ်ဆောင်လာကြတဲ့ ဧရာဝတီ ဖောင်ဒေးရှင်းရဲ့ အကူညီ များ ဘယ်လိုကူညီမယ်ဆိုတာကို ဒီညနေ အစည်းဝေးပြီးမှာ ကျွန်တော် ဒီစာမျက်နှာပဲ ဖော်ပြပါ့မယ် ။ အလှူရှင်များကညီမည့်အတိုင်း ထိထိရောက်ရောက် ကျွန်တော်တို့ ကူညီပါ့မယ် ။

ဒါဆို ပြန်မည့်သူများအတွက် ရှင်းလောက်ပြီထင်ပါတယ်။
ဆက်လက်ပြီး update ဖြစ်မယ့် အကြောင်းအရာ ၊ ပြောင်းလဲမှု့တစ်ခုခု ရှိပါက ကျွန်တော်တို့ ချက်ချင်း တင်ဆက်ပေးသွားပါ့မယ် ။

ကျွန်တော်တိုခံလာရောက် ဆောင်ရွက်သူများအတွက် ကျွန်တော်တို့ ဆက်တိုက် အီမီဂရေးရှင်းရုံးကို လွတ်ပေးနေပါတယ် ။

ကျွန်တော်တို့တွေက ...

ရွှေလူငယ် - ၀၁၂ ၄၄၆၈၈၄၂ (ကိုမျိုး ဧဒင်ဥယျာဉ်)
ပညာအိမ် - ၀၁၇ ၃၀၇၄၆၂၂ ( ဦးမျိုးညွှန့်) 
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"