ထိပ်ဆုံး သတင်း :

ဒီနေ့ တနင်္ဂနွေနေ့ပါ, မေလ 18, 2025

Home » » တန့်ယန်းသဘောတူညီချက် အစိုးရတပ်ချိုးဖေါက် SSPP နှင့် တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်

တန့်ယန်းသဘောတူညီချက် အစိုးရတပ်ချိုးဖေါက် SSPP နှင့် တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်

6/09/2013 02:25:00 PMတွင်ရေးသည်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ရင်းတခု ယာယီ အခြေချရာ တပ်စခန်းအား အစိုးရတပ်က တက်တိုက်သောကြောင့် ယမန်နေ့က နှစ်ဘက်တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားခဲ့သည်။“အစိုးရတပ်က လောက်ကိုင်ဘက်ကော၊ ဒီလားရှိုး ခလရ ၆၈၊ ခလရ ၄၁၊ နောက် အခြားတပ်တွေကော ပါတယ်။ အင်အား နှစ်ရာလောက် ရှိတယ်။

ကျနော်တို့ရွာဘက်ကနေ လွယ်ပက် ဘက်ကို တက်သွားတာ နာရီပိုင်းလောက်ပွဲ ရှိသေးတယ် သေနတ်သံကြားရတော့တာဘဲ” - ဟု လားရှိုးမြို့ ဟိုပိတ်ကျေးရွာအုပ်စု ဝင် ရွာသား တဦးက ပြောပါသည်။လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စု အနောက်မြောက်ဘက် လွယ်ပက်တောင်ကြောပေါ်ရှိ သျှမ်းပြည် တပ်မတော် တပ်ရင်းအမှတ် ၈၅၁ အား အစိုးရစစ်ကြောင်း စုပေါင်းအင်အား ၂၀ဝ ကျော်က သွားရောက် တိုက်ခိုက်ရာမှာ နံနက် ၈ နာရီမှ ၁၁ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် သျှမ်းပြည် တပ်မတော်ဘက် ၃ ဦး ဒဏ်ရာရရှိသည်ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောသည်။“အခုကျနော်တို့လားရှိုးရုံးတာဝန်ခံက လားရှိုးတိုင်းမှူးကို သွားတွေ့နေတယ်။ သူတို့ပြောတာကတော့ ကျနော် တို့ ဘက် စ ပစ်တယ်တဲ့။ အမှန်တော့ ကျနော်တို့ ရှိရာကို သူတို့က သတင်းအတိအကျယူပြီး တမင်သက်သက် တက်တိုက်တာ။ အစိုးရတပ်ဘက်က သဘောတူညီချက်ကို လုံးဝ အလေးမထားလို့ ကျနော်တို့လဲ စစ်ရေးအသင့်အနေအထား အမြဲရှိနေရတယ်”- ဟု ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်သို့ ဆက်၍ ပြောပါသည်။

နမ္မတူမြို့နယ် မိုင်းယင် ကျေးရွာအုပ်စု၊ ဝမ့်ပန်ခမ်းရွာ နေထိုင်သည့် သျှမ်းပြည်တပ်မတော်၏ လူထုဆက်ဆံ ရေးကိုယ်စားလှယ် စိုင်းကောင်း နှင့် စိုင်းဆန်ပေါင်း အား အစိုးရတပ် ခမရ ၅၀၁ က (ဂျွန် ၅ ရက် မွန်းတည့် ချိန်ကတည်းက - ယနေ့အထိ) ဖမ်းဆီး ခေါ်ဆောင်  ရိုက်နှက်ရာ ယနေ့တိုင် ပြန်မလွှတ်ပေးသေးကြောင်း၊ သတင်းလည်းမကြားရသဖြင့် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးအား ပြန်လွှတ်ပေးရန် လားရှိုးတိုင်းမှူးထံ တင်ပြထားကြောင်း SSPP က ဆိုသည်။

ထို့အတူ သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA အခြေချရာ လွယ်ချယ် စခန်းကိုလည်း အစိုးရတပ် စကခ ၂ လက်အောက်ခံ ခမရ ၅၁၅ က ၆၀ မမ ဖြင့် ယမန်နေ့ နံနက် ၉ နာရီ ကျော်မှ မွန်းတည့်ချိန်အထိ မကြာမကြာ ပစ်ခတ်ခဲ့ကြောင်း သျှမ်းတပ်စခန်းအား ထိမှန်ခြင်းမရှိသည့် အတွက် တုန့်ပြန်တိုက်ခိုက်ခြင်းမရှိကြောင်း ဒေသအတွင်းကွပ်ကဲသည့် တပ်မှူးတဦးက ပြောပါသည်။

ယခုနှစ် မေလ ၁၁ ရက် က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဉက္ကဌ ဦးသိန်းဇော်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယ ဉက္ကဌ ဗိုလ်ချုပ်ခေးတိုင်းတို့ တန့်ယန်းမြို့၌ တွေ့ဆုံရာ  သဘောတူညီခဲ့သည့် သဘောတူညီချက်များအား နှစ်ဘက်လိုက်နာမည်၊ ပြဿနာအား စစ်ရေး နည်းဖြင့်မဖြေရှင်းဘဲ ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဖြေရှင်းရန် စသည့်အချက်များ ပါဝင် သည့် သဘောတူညီချက်များကို နှစ်ဦးနှစ်ဘက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 8 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"