သမ္မတရုံး
ပြည်ထောင်စုဝန်ကြီးလည်းဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ
ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်မင်း ရာထူးကနေ နုတ်ထွက်ဖို့ တင်ပြထားတယ်ဆိုတာ
မမှန်ကန်ကြောင်း ငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ဒီဗွီဘီကို
ပြောပါတယ်။
ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွေမှာ ဦးဆောင်နေသူ ဦးအောင်မင်းနဲ့ ဒီနေ့မနက်အထိ အတူတကွ
အလုပ်လုပ်ကိုင်နေဆဲ ဖြစ်တဲ့အကြောင်း သူက ရှင်းပြပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ကြံ့ခိုင်ရေးပါတီတာဝန်ကနေ နုတ်ထွက်တာကို ၀န်ကြီးအဖြစ်က နုတ်ထွက်တဲ့သဘော
မှားယွင်းပြောဆိုကြတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
ဦးအောင်မင်းဟာ
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီက ချမှတ်ထားတဲ့
လမ်းညွှန်ချက်တွေအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေကို
အကောင်အထည်ဖော်နေတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။
Cr=>>
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !