ထိပ်ဆုံး သတင်း :

ဒီနေ့စနေနေ့ပါ, မေလ 10, 2025

Home » » အမေရိကန် ဒေါ်လာ ဈေးမြင့်သော်လည်း ကမ္ဘာ့ ရွှေဈေးကြောင့်  မြန်မာ့ရွှေဈေး ၆၈ဝဝဝဝ ခန့်ရောက်

အမေရိကန် ဒေါ်လာ ဈေးမြင့်သော်လည်း ကမ္ဘာ့ ရွှေဈေးကြောင့်  မြန်မာ့ရွှေဈေး ၆၈ဝဝဝဝ ခန့်ရောက်

7/03/2013 02:54:00 PMတွင်ရေးသည်

ရန်ကုန် ဇူလိုင် ၂

မြန်မာ့ငွေကြေး တန်ဖိုး ကျဆင်းပြီး အမေရိကန် ဒေါ်လာ ဈေးနှုန်း မြင့်တက်လာသော်လည်း ကမ္ဘာ့ ရွှေဈေး အကျဘက်တွင် ရပ်တည်နေသောကြောင့် ပြည်တွင်း ရွှေဈေးမှာလည်း အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သား ငွေကျပ် ၆၈၃ဝဝဝ သို့ ကျဆင်း ခဲ့ရကြောင်း အမေရိကန် ဒေါ်လာ ပြင်ပ ပေါက်ဈေးနှင့် ရွှေဈေးကွက် သတင်း အချက်အလက်များ အရ သိရသည်။

ဇွန်လ နောက်ဆုံးပတ်တွင် အမေရိကန် ဒေါ် လာ ငွေလဲလှယ် ဈေးနှုန်းမှာ တစ်ဒေါ်လာကို ငွေကျပ် ၁ဝဝဝ ခန့် အထိ မြင့်တက်ခဲ့ပြီး ယမန်နေ့က အမေရိကန် တစ်ဒေါ်လာ ဈေးမှာငွေကျပ် ၉၉၄ ကျပ်တွင် ဈေးနှုန်းမြင့်တက် တည်ငြိမ်နေပြီး ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၃၈ သို့ ကျဆင်းခဲ့သည်။

 ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း ကမ္ဘာ့ ရွှေဈေးကို လိုက်၍ ကျဆင်းခဲ့ကြောင်း ပြည်တွင်း ရွှေဈေးကွက် အတွင်းမှ သိရှိရသည်။ ယခုနှစ် ဇူလိုင်လတွင် အမေရိကန် ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ငွေကျပ် ၈၇၈ ကျပ်၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၅၈၃ ဒေါ်လာနှင့် ပြည်တွင်း ရွှေဈေးမှာလည်း ၇၃ဝဝဝဝ ခန့်အထိ ဈေးပေါက်ခဲ့ကြောင်း ဈေးကွက် သတင်းအ ချက်အလက် များ အရ သိရသည်။

ပြည်တွင်း အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းမှာ မေ ၃၁ ရက်က ငွေကျပ် ၉၄၄ ကျပ် ဝန်းကျင်ရှိခဲ့ပြီး ကမ္ဘာ့ ရွှေဈေးမှာလည်း တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၃၈ဝ ခန့် ဈေးပေါက်၍ ပြည် တွင်း ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၇၁ဝဝဝဝခန့် ဈေးပေါက်ခဲ့ကြောင်း သိရသည်။

 ပြည်တွင်း ရွှေဈေးနှင့် အမေရိကန် ဒေါ်လာဈေး၊ ကမ္ဘာ့ ရွှေဈေးများမှာ တိုက် ရိုက် ချိတ်ဆက်နေသော်လည်း ကမ္ဘာ့ ရွှေဈေးများမှာ ဆက်တိုက် ကျဆင်းလာမှုကြောင့် မြန်မာပြည်တွင်း ဈေးကွက် အတွင်းမှာလည်း တဖြည်းဖြည်း ကျဆင်းနေကြောင်း ရွှေဈေးကွက် အတွင်းမှ သိရသည်။

Written by  အာကြီး
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"