ထိပ်ဆုံး သတင်း :
Home » » အာဇာနည်နေ့မှာ ပျံသန်းမယ့် လင်းလင်းရဲ့ သံမဏိလိပ်ပြာ

အာဇာနည်နေ့မှာ ပျံသန်းမယ့် လင်းလင်းရဲ့ သံမဏိလိပ်ပြာ

7/10/2013 10:00:00 PMတွင်ရေးသည်

အဆိုတော်လင်းလင်းက သူ့ရဲ့ တတိယမြောက် တကိုယ်တော် သီချင်းခွေကို ဖြန့်ဖို့အတွက် ထူးခြားတဲ့ အခါသမယကို ရွေးချယ်ထားပါတယ်။

အဲဒါကတော့ အာဇာနည်နေ့ပါပဲ။ 
ခွေဖြန့်ဖို့ ရက်ရွေးခဲ့ပုံအကြောင်း သူပြောပြထားတာက ဒီလိုပါ....  


(ဓာတ်ပုံ - နဒီထိုက်/ဧရာဝတီ)

"ဒီခွေကို စကတည်းက ဒီနေ့ ဒီရက်မှာ ဖြန့်ဖို့ ရည်ရွယ်ချက်နဲ့ စခဲ့ပါတယ်။  ဇူလိုင် ၁၉ ကို ကျွန်တော့် အနုပညာတွေနဲ့ ဂုဏ်ပြုချင်ပါတယ်။ ဒီခွေမှာ ကျွန်တော်သိသလောက် တတ်သလောက် အသိဥာဏ်နဲ့ သီချင်းတွေ ရေးထားပါတယ်" လို့ လင်းလင်းက ပြောပါတယ်။ 

လင်းလင်းဟာ တေးရေး အဖြစ်လည်း အောင်မြင်နေသူပါ။

အာဇာနည်နေ့မှာ ပရိသတ်ဆီရောက်လာမယ့် "သံမဏိလိပ်ပြာ" လို့ အမည်ပေးထားတဲ့ ဒီသီချင်းခွေတခုလုံးကို လင်းလင်း တစ်ကိုယ်တော်  လက်စွမ်းပြ ရေးဖွဲ့ထားတာပါ။
ရောင်နီဆိုတဲ့တေးသီချင်းတစ်ပုဒ်ကိုတော့   တေးရေးဇဝါနဲ့တွဲဖက်ပြီးရေးသားထားပါတယ် တဲ့။

အသံသွင်းယူတာကတော့  Metal Zone စတူဒီယိုမှာပါ။

လင်းလင်းရဲ့ မစဉ်းစားပါနဲ့၊  အမှန်တရား ဆိုတဲ့ စီးရီး နှစ်ခုကိုတော့  Metal Zone တေးဂီတနဲ့ တီးခတ်ခဲ့ပြီး၊ အခု တတိယစီးရီးကိုတော့ ငယ်သူငယ်ချင်းတွေဖြစ်တဲ့  မန္တလေးက Dream Lover အဖွဲ့နဲ့တီးခတ်ပါတယ်။

ဒီလို ရွေးချယ်ခဲ့တဲ့အတွက် Dream Lover က ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ် တဲ့။

Dream Lover အဖွဲ့ ဒရမ်မာ ဝေထူးက ...
"လင်းလင်းနဲ့က ငယ်သူငယ်ချင်းတွေပါ။  ကျွန်တော် ရန်ကုန်မှာ ကျင်လည်နေတာ ၇နှစ်ရှိပြီ။  ရှိုးပွဲတွေမှာ လင်းလင်းနဲ့ အတူတူ တီးဖြစ်ခဲ့တယ်။  သူ့ဆီက ကံကောင်းစွာ ကျွန်တော်တို့ တီးဝိုင်းနဲ့ တီးမယ်လို့ ပြောလာတဲ့အတွက် ဝမ်းသာအားရ တီးခဲ့တာပါ"
လို့ ဧရာဝတီကို ပြောပါတယ်။ 

လင်းလင်းက အတွဲခွေတွေ များစွာမှာလည်း ပါဝင် သီဆိုခဲ့ပါတယ်။  သူနဲ့ အဆိုတော်သရုပ်ဆောင် ချစ်သုဝေတို့ရဲ့ မီးအိမ်ကဗျာ.. ဆိုတဲ့ စုံတွဲခွေတစ်ခွေလည်း ထွက်ရှိထားပြီး၊ အဲဒီ မီးအိမ်ကဗျာကို ဗီစီဒီ အဖြစ်ပုံဖော်နေပြီလို့သိရပါတယ်။

အခု တတိယတကိုယ်တော်ခွေဖြစ်တဲ့ သံမဏိလိပ်ပြာ   ဖြစ်မြောက်ရေးအတွက် တနှစ်ခွဲလောက် အချိန်ယူခဲ့ရတယ်လို့ လင်းလင်းဆီက သိရပါတယ်။ 

သံမဏိလိပ်ပြာ ဗီစီဒီကို မကြာမီ ရိုက်ကူးတော့မှာဖြစ်ပြီး မြန်မာတွေ သတိမထားမိတဲ့ နေရာတွေမှာဖော်ထုတ်ရိုက်ကူးမှာဖြစ်တယ်လို့ လင်းလင်းက ပြောပါတယ်။

" ကျွန်တော် ဗီစီဒီကိုတော့ စီဒီဖြန့်ပြီးမှ စရိုက်မှာပါ။  နေရာတွေကိုတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေမှာပဲ မြန်မာတွေ သတိမပြုမိတဲ့ နေရာလေးတွေကို  ဖော်ထုတ်ပြီးရိုက်မှာပါ။  ပထမခွေတုန်းကလိုပဲ မလျော့တဲ့ အားထုတ်မှုတွေနဲ့ ကြိုးစားသွားမှာပါ" လို့ လင်းလင်းက ဧရာဝတီကို ပြောပါတယ်။ 

ပထမခွေ ၂ခွေလုံးကို The Sun တေးထုတ်လုပ်ရေးကနေ ဖြန့်ခဲ့ပြီး အခု တတိယခွေကိုတော့ ဘိုဘို အင်တာတိန်းမန့် ကနေ ဖြန့်မှာဖြစ်ပါတယ်။ 

လင်းလင်းရဲ့ စီးရီးတွေကို ဖြန့်ပေးဖို့ ခဏခဏ ကမ်းလှမ်းခဲ့တဲ့  ဘိုဘို အင်တာတိန်းမန့်မှ ကိုဘိုဆန်းက ဒီလို ရှင်းပြပါတယ် ...

"အခုလိုဖြန်ခွင့်ရလို့ဝမ်းသာပါတယ်။  နယ်တွေမှာ တေးသံသွင်းဆိုင်တွေက ရှားနေပြီ ဆိုတော့ သေချာရောက်အောင်ဖြန့်ပေးဖို့ ကျွန်တော်တို့ လုပ်မှာပါ။ 
တခါမှလဲ ဒီလို အာဇာနည်နေ့မှာ မဖြန့်ခဲ့ဖူးပါဘူး" လို့ ပြောပါတယ်။ 

ဘိုဘို အင်တာတိန်းမန့် က တေးထုတ်လုပ်ရေးတွေ အပြင် ဟစ်ဟော့ပ် ရှိုးပွဲတွေလည်း တင်ဆက်နေသူပါ။
  ဒါကြောင့် လင်းလင်းရဲ့ တကိုယ်တော် ရှိုးပွဲကိုလည်း  ဘိုဘိုက ဦးစီးပြီး မိုးအကုန်ပိုင်းမှာကျင်းပမယ်လို့ သူက ဆက်ပြောပါတယ်။

ရှိုးပွဲလက်မှတ် အတွက်  လင်းလင်းရဲ့ သံမဏိလိပ်ပြာ တေးစီဒီ ထဲမှာ ကူပွန်လေးတွေလည်းထည့်သွင်းပေးထားကြောင်း  ကိုဘိုဆန်းဆီက သိရပါတယ်။   

Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"