ကချင်မြေ သက်သေထူမည်မြစ်ကြီးနားမြို.၊ကချင်ပြည်နယ်
၁။ နိုင်ငံတော် အစိုးရနှင့် KIO တို့ အကြား ချုပ်ဆိုခဲ့သည့် ၁၉၉၄ ခုနှစ် ၊ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်သည် (၁၇) နှစ်ကြာပြီးသည့်နောက် ၂၀၁၁ ခုနှစ်၊ ဇွန်လ၉ရက်နေ့တွင် ပျက်ပြားခဲ့ပြီး တိုက်ပွဲများပြန်လည် စတင်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် နှစ်နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါသည်။ နှစ်နှစ်တာ ကာလအတွင်း နိုင်ငံတော် အစိုးရနှင့် KIO တို့အကြားငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အကြိမ်ပေါင်း ၁၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နှစ်ဖက် စစ်ရှိန်လျှော့ချရန်နှင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိရန် ဦးတည်၍ ၂၀၁၃ ခုနှစ် ၊ မေလ (၃၀) ရက်နေ့ မြစ်ကြီးနားမြို့၊ မနောကွင်း၊ မဂျွယ်ခန်းမတွင် ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အချက် (၇) ချက်ပါ သဘော တူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။

ကချင်မြေ သက်သေထူမည်
နည်းပညာပိုင်း ဆိုင်ရာ ပံ့ပိုးရရှိနိုင်မှုများ အပါအဝင် ကချင်ပြည်သူလူထုမှ လိုလားတင်ပြချက်များကို စုစည်းသိရှိနိုင်ရန်အတွက် ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းများ၊ ကချင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့၊ ကချင်ပြည်သူများနှင့်မြို့မိမြို့ဖများ၊ လူထု ကိုယ်စားပြုခေါင်းဆောင်များ ပါဝင် တက်ရောက်သည့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်မှ ၁၀ ရက်နေ့ အထိ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။လူထုတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များမှာ -
- ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ကချင်ပြည်သူများအနေဖြင့် စစ်မှန်တရားမျှတ၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် မိမိတို့၏ ရပ်တည်ချက်နှင့် ပါဝင်နိုင်သည့် အခန်းကဏ္ဍကို သိရှိနားလည်စေရန်၊
- Technical Advisory Team (Machyoi Hpung Rapdaw) ဖွဲ့စည်းရခြင်းအကြောင်းကိုသိရှိနားလည်စေရန်၊
- အနာဂတ်တွင်ပြုလုပ်မည့်နိုင်ငံရေး/ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမည့် လုပ်ငန်းစဉ်တွင် ကချင်ပြည်သူလူထု၏ လိုအပ်ချက် သဘောထား အမြင်များအား စုစည်းသွားရန်၊
၃။ တွေ့ဆုံဆွေးနွေးပွဲကို ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင် အဖွဲ့ (Peace-talk Creation Group)၊ နှင့် ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်း စီစဉ် ကျင်းပခြင်းဖြစ်ပြီး ကချင်အရပ်ဘက်/ လူထုအခြေပြု/ အစိုးရ မဟုတ်သော လူမှုအဖွဲ့အစည်း (၃၂) ဖွဲ့၊ဘာသာရေး အသင်းအဖွဲ့ (၁၂) ဖွဲ့အပါအဝင် သတင်းမီဒီယာ (၄) ဖွဲ့၊စုစုပေါင်း အဖွဲ့အစည်း (၄၈) ဖွဲ့အား ကိုယ်စားပြု တက်ရောက်သူများနှင့်တစ်သီးပုဂ္ဂလ တက်ရောက်သူပေါင်းကျား(၂၁၆) ဦး၊မ (၅၉) ဦး၊စုစုပေါင်း (၂၇၅) ဦးတက်ရောက် ခဲ့ကြပါသည်။
၎။ တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ပြည်သူလူထု အနေဖြင့် ဝိုင်းဝန်း အကြံပြုဆွေးနွေး တင်ပြခဲ့သည့် အချက်များမှာ အောက်ပါ အတိုင်းဖြစ်သည် -
(က) အနာဂတ်တွင် ပြုလုပ်မည့် နိုင်ငံရေး/ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမည့် လုပ်ငန်းစဉ်တွင် ကချင်ပြည်သူလူထုမှ ထည့်သွင်းဆွေးနွေးစေလိုသည့် လိုအပ်ချက်နှင့် သဘောထား အမြင်များကို ကဏ္ဍအလိုက် ခွဲ၍ စုစည်းတင်ပြခဲ့သည်။
(ခ) ဆွေးနွေးချက်များထဲမှ လတ်တလော ဦးစားပေး ဆွေးနွေးဖြေရှင်းပေးစေလိုသည့် အချက်များကို ကဏ္ဍအလိုက် ရွေးချယ် သဘောတူ ဆွေးနွေးဆုံးဖြတ်ခဲ့သည်။
(ဂ) ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေဖြင့် ဦးစားပေး ဆွေးနွေးဖြေရှင်းရန် လိုအပ်သည့် ကဏ္ဍ အလိုက် လက်ရှိ လုပ်ဆောင်နေသည်များနှင့် နည်းပညာပိုင်း ဆိုင်ရာ ကူညီ ပံ့ပိုးမှုပေးနိုင်သည့် အဖွဲ့အစည်းများ၊ တစ်သီး ပုဂ္ဂလ ပညာရှင်များကို စုစည်းဖော်ထုတ်ပြီး လိုအပ်ချက် ရှိနေသေးသည့် ကဏ္ဍများ ၊အရင်းအမြစ်များကို ဆွေးနွေးဖော်ထုတ်ခဲ့သည်။
(ဃ) ကချင်ပြည်သူလူထု အနေဖြင့် ၄င်းတို့ တင်ပြဆွေးနွေးလိုသည့် လိုအပ်ချက် သဘောထား အမြင်များကို ကဏ္ဍ အလိုက် နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးမှုပေးနိုင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များဖြင့် မည်သို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟူသည့် ဆက်သွယ်ရေး နည်းလမ်းများကို ဖော်ထုတ်ဆွေးနွေးခဲ့သည်။
(င) ရွေးချယ်သတ်မှတ်ခဲ့သည့် ကဏ္ဍအလိုက် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် မူကြမ်းကို ဆွေးနွေးဆုံးဖြတ်ခဲ့သည်။
ကချင်ပြည်သူလူထုနှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ
အသေးစိတ် အချက်အလက်များ သိလိုလျှင်ဆက်သွယ်ရန် -
၁။ဦးလမိုင်ဂွမ်ဂျာ - ၀၉၄၇၀၀၆၆၆၈
၂။ဦးအင်ရှန်ဆန်အောင် - ၀၉၂၄၀၀၃၀၈
၃။ဒေါ်မရန်ဂျာဆိုင်းခေါန် - ၀၉၅၀၂၆၉၅၃
၎။ဦးလဘန်ဂမ်အောင် - ၀၉၄၇၀၀၂၈၂၆၊၀၇၄-၂၂၈၂၉
Cr=>>
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !