Friday, July 22, 2011

ပထမဆုံးအကြိမ် တရုတ်က ကချင် ဒုက္ခသည်များအတွက် ဆေးဝါးထောက်ပံ့

 ပထမဆုံးအကြိမ် တရုတ်က ကချင် ဒုက္ခသည်များအတွက် ဆေးဝါးထောက်ပံ့  
ပထမဆုံးအကြိမ် တရုတ်အစိုးရက ယွမ်ငွေ တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၅၆၂၅) ခန့်တန်ဖိုးရှိ ဆေးဝါးများကို ကချင်ဒုက္ခသည်များအတွက် ဇူလိုင် ၂၁ ရက်ကထောက်ပံ့ လိုက်သည်ဟု ဒုက္ခသည်ကယ်ဆယ်ရေး အဖွဲ့ကဆိုသည်။
တရုတ်နိုင်ငံ အနောက်တောင်နယ်စပ်တစ်လျှောက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒေသရှိ ဒုက္ခသည် ၁၆၀၀၀ ကျော်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ဂျန်းစီရင်စုအာဏာပိုင်များက ယခုကဲ့သို့ ကူညီလိုက်သည်ဟု လိုင်ဇာKIO ဌာနချုပ်မှ ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ပြောသည်။“ဒါပထမဆုံးအကြိမ်ဖြစ်တယ်။ တရုတ်အစိုးရကနေပြီးတော့ KIO နယ်မြေထဲက ဒုက္ခသည်တွေအတွက် အကူအညီပေးတာ” ဟု ဆလန်ကဘာ ဒွဲပီဆာပြောသည်။ယခင်က တရုတ်အစိုးရမှ မဟုတ်ဘဲ ယင်ဂျန်းစီရင်စု မှ ဂျိန်ဖော့(မြန်မာလို ကချင်)လူမှုအဖွဲ့အစည်းက လိုင်ဇာရှိ ဒုက္ခသည်များအတွက် ဆန်အိတ် ၁၀၀ နှင့် သွပ်ပြားများ ကူညီပေးခဲ့သည်ဟု ထပ်ဆိုသည်။
သတင်းအပြည့်အစုံ သို့

No comments:

Post a Comment