
မြန်မာနိုင်ငံတွင် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းမရှိလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှု ဆုံးရှုံးနေမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောကြားလိုက်သည်။ “ကျမတို့ အလေးအနက်ထားတာက အကျဉ်းထောင်တွေထဲမှာ ဆိုးဆိုးရွားရွား ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိ အစိုးရက လွှတ်ပေးဖို့ပဲ” ဟု ဟီလာရီ ကလင်တန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် ပြောကြားသည်။
No comments:
Post a Comment