
မြန်မာပြည်ဘက်သို့ သွားရောက်ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲများက ယမန်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၌ ဖမ်းဆီးလိုက်သည်။ဖမ်းဆီးရမိသည့် လက်နက်များမှာ M 16 အမျိုးအစား သေနတ်တလက်၊ မောင်းပြန် ရိုင်ဖယ် ၅ လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။ယင်း လက်နက်များကို ဖိဆန်နုလွတ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံသား နိုင်နလုလုံး ဘူဆလာခန်က သယ်ယူလာစဉ် မဲဆောက်အနီးရှိ ဟွေ့ယာအု စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်သည်။
No comments:
Post a Comment