ထိပ်ဆုံး သတင်း :
Home » » ၁၃ နှစ်ကလေးအား မြန်မာတပ်မှ ရှေ့တန်း သတင်းယူရန် အဓ္ဓမ အသုံးချ

၁၃ နှစ်ကလေးအား မြန်မာတပ်မှ ရှေ့တန်း သတင်းယူရန် အဓ္ဓမ အသုံးချ

7/27/2011 05:30:00 PMတွင်ရေးသည်

chipwimyen
မြန်မာစစ်တပ် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)က နိုင်ငံမြောက်ပိုင်း ယခုကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ဖြစ်သောစစ်ပွဲတွင် အသက်၁၃နှစ် ယောက်ျားလေးအား ရှေ့တန်းသတင်းအချက်အလက် ရယူရာတွင်အဓ္ဓမ အသုံးချကြောင်း သိရသည်။
ကချင်ပြည်နယ်အရှေ့ဘက် ချီဖွေမြို့ စရဖ က ထို ကလေးကို ချီဖွေမြို့အနောက်မြောက်ပိုင်းတွင် အခြေစိုက်သည့် KIA တပ်မဟာ ၁ အောက် တပ်ရင်း ၁၀ ၏ စစ်ရေးလှုပ်ရှားမှု သတင်းဓါတ်ပုံများကို အတင်းရိုက်ယူခိုင်းခဲ့သည်ဟု ကလေးမိဘများပြောသည်။

ဇူလိုင် ၂၆၊ အင်္ဂါနေ့က ချီဖွေအနီး ချန်းဇော်(Chang Zaw)ကျေးရွာ နှင့် ဒမူ(Damu)ကျေးရွာ ကြား တံတားတစ်ခုအခြေအနေကိုသိရှိရန် စရဖ မှ ကလေးငယ်အား ဓါတ်ပုံကင်မရာပေးကာ သတင်းယူစေသည်ဟု ဆိုသည်။

ထိုနေ့ မနက် ၈ နာရီကျော် ယင်းတံတားသို့ ရောက်ရှိစဉ် KIA၏ သတိပေး ပစ်ခတ်မှုတွင် ကလေးငယ် ဒဏ်ရာရရှိသွားပြီး ၎င်းအား ချီဖွေဆေးရုံသို့ မိဘများ သယ်ယူသွားသည်ဟု ကလေးမိဘနှင့် ရင်းနှီးသူများ ပြောသည်။

“ကလေးကို အဲလိုခိုင်းတဲ့လူတွေကို စိတ်နာတယ်။ ကလေးကို သွားလည်း မသယ်ကြဘူး။ ဆေးလည်း ကု မ ပေးကြဘူး။ ကလေးက သေတော့မလို ဝေဒနာခံစားနေရပြီ ချီဖွေဆေးရုံမှာ။” ဟု ကလေးမိဘများနှင့် နီးစပ်သူ ချီဖွေဒေသခံ တစ်ဦးပြောသည်။

မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား စစ်ဖြစ်နေသည့်အခြေအနေကြောင့် ချီဖွေ ဒေသခံများမှာ ကြောက်ရွံ့စွာ နေထိုင်နေရသည်ဟု ဆိုသည်။

“စရဖတွေက သတင်းသွားစုံစမ်းဖို့ မ လုပ်ရဲကြ။ လုံခြုံရေးယူဖို့ကြတော့လည်း မ လုပ်ရဲကြနဲ့ ပြည်သူတွေကို ဒီလို လုပ်ခိုင်းနေကြတယ်။” ဟု ဒေသခံတစ်ဦးလည်း ပြောသည်။

ဇူလိုင် ၂၅ ရက်တွင်လည်း မြန်မာစစ်တပ် ငါးဦး (ငဦး) အခြေစိုက် ခလရ (၁၂၁)နှင့် KIA တပ်ရင်း (၁၀)ကြား ချီဖွေ အနီးတွင် တိုက်ပွဲဖြစ်ခဲ့သေးသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"