ထိပ်ဆုံး သတင်း :
Home » » ထိုးစစ်ရုပ်ရန်နှင့် တနိုင်ငံလုံး အပစ်ရပ်ရန် KIO ထပ်မံတောင်းဆို

ထိုးစစ်ရုပ်ရန်နှင့် တနိုင်ငံလုံး အပစ်ရပ်ရန် KIO ထပ်မံတောင်းဆို

7/31/2011 10:32:00 PMတွင်ရေးသည်

kachinsoldier
ကင်းလှည့်နေသော ကချင်စစ်သားများကို တွေ့ရစဉ် (ဓါတ်ပုံ ::http://jinghpawkasa.blogspot.com/)

ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ထိုးစစ်ဆင်ထားမှုများ ရုပ်သိမ်းရန်နှင့် တနိုင်ငံလုံး အပစ်ခတ် ရပ်ဆိုင်းပေးရေးတို့ ပါဝင်သည့် တောင်းဆိုထားသော အကြောင်းပြန်စာကို ကချင်လွတ်မြောက်ရေး အဖွဲ့က မြန်မာအစိုးရထံ ကြာသပတေးနေ့တွင် ပေးပို့လိုက်သည်။

ဗဟိုအစိုးရက ဇူလိုင်လ ၂၆ ရက်နေ့တွင် ကေအိုင်အိုသို့ ကမ်းလှမ်းခဲ့သော ကချင်ပြည်နယ်တွင်း အပစ်ခတ် ရပ်ရေးအတွက် စာကိုကြားဝင် စေ့စပ်ရေးအဖွဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ဝင် နယ်စပ်လုံခြုံရေး ဝန်ကြီး ဦးသန်းအောင်ထံသို့ အီးမေလ်ဖြင့် ပြန်ကြားလိုက်သည်ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်၊
KIO စာထဲတွင် နှစ်ဘက် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ၄၈ နာရီအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင်းသို့ ထိုးစစ်ဆင်ထားသည့် မြန်မာ အစိုးရတပ်များကို ရုပ်သိမ်းပေးရန်
 ညွှန်ကြားချက် ထုတ်ပြန်ပေးရန်နှင့် ၁၅ ရက်အတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းပေးရေး နိုင်ငံရေး
 ဆွေးနွေးရေး ဖော်ဆောင်မည်ဆိုသော အချက်များကို မြန်မာအစိုးက ထုတ်ပြန် ကြေငြာပေးရန်တို့ တောင်းဆို ထားသည်ဟု သိရသည်။

“သူတို့က လက်မှတ်ထိုးတယ်ဆိုတာ ဘယ်လို လက်မှတ်ပဲဖြစ်ဖြစ် ထိုးမယ်ဆိုပြီး ပြောတဲ့ ပုံစံဖြစ်လာတယ်။ ကျနော်တို့က ၉၄ ခုနှစ်ကလို မဖြစ်ချင်ဘူး။ အခုတော့ သေချာတဲ့ နိုင်ငံရေး စေ့စပ်သေချာမှု ဖြစ်ရမှု ဖြစ်ရမယ်။
ခိုင်မာတဲ့ အချက် အလက်မျိုးတွေ ပြည့်စုံမှ လက်မှတ်ထိုးမယ်”ဟု တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

၁၉၉၄ ခုနှစ်က KIO နှင့် ယခင် စစ်အစိုးအရ အကြား အပစ်ခတ် ရပ်ရန်သာ ဦးစားပေးခဲ့ကြပြီး နောင်အရပ်ဘက် အစိုးရတက်လာမှ နိုင်ငံရေး ဆွေးနွေးမှု လုပ်ရန် သဘောတူခဲ့ကြခြင်းကို သူက ရည်ညွှန်းခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတပ်များနှင့် တိုင်းရင်းသား တပ်များအကြား အပစ်ခတ်ရပ်ရန် ငြိမ်းချမ်းစွာဖြေရှင်းရန် ကြာသပတေးနေ့က ပန်ကြားမှုကို "ကောင်းသော လက္ခဏာ" အဖြစ် ကြိုဆိုလိုက်ပြီး KIO ဗဟို ကော်မတီအနေဖြင့် အသေးစိတ် ဆွေးနွေးမည်ဟု ဦးလနန်က ပြောသည်။

အစိုးရနှင့် KIO သဘောတူညီချက်ရရှိရင် လက်မှတ်ရေးထိုးထားသော စာချုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်
 ရေးသားထားစေလိုပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အပေါ် သမ္မတ ဦးသိန်းစိန်အစိုးရ၏ သဘောထားကိုလည်း ရှင်းလင်းပါစေလိုကြောင်း KIO ၏ စာတွင် ပါရှိသည်ဟု ဆိုသည်။

KIO ပေးပို့သော စာကို လက်ခံရရှိကြောင်း အစိုးရဘက်က ကိုယ်စားလှယ်ဖြစ်သူ ဦးဆင်ဝါးနော်က ပြောသည်။

“သူတို့ (KIO) တောင်းဆိုတဲ့ စာက ပြန်ပြင်လိုက်တယ်။ ကျနော်တို့ စာချုပ်ကို အင်္ဂလိပ်လို ရေးရအောင် ဆိုတာတွေ၊ ပင်လုံကတိ ကဝတ်တွေကို မေးတာတွေက နောက်မှပြန် ဆွေးနွေးလို့ရတယ်လို့ ပြန်ပြောလိုက်တယ်” ဦးဆင်ဝါးနော်က မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် KIO ဘက်မှ ယာယီ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ထိုးမည် ဆိုပါက အစိုးရ ကိုယ်စားလှယ် များနှင့် အတူ ကချင်ပြည်နယ် ခရစ်ယာန် ဘာသာရေးအသင်း ခေါင်းဆောင်များ၊  ရပ်မိရပ်ဖများ၊ ကချင်ရိုးရာ စာပေယဉ်ကျေးမှု အဖွဲ့များ စုစုပေါင်း လူ ၆ဝ ခန့်မှာ KIO ဘက်မှ ချိန်းဆိုလိုက်သော နေရာသို့ သွား၍ လက်မှတ်ထိုးပွဲ အခမ်းအနား ကျင်းပရန် ပြင်ဆင်ထားသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ထိုအခမ်းအနား အစီအစဉ်သို့ သတင်းယူရေးအတွက် ပြည်တွင်း ဂျာနယ်အချို့နှင့် နိုင်ငံပိုင် သတင်းဌာနများကိုလည်း ဖိတ်ကြားသွားရန် စီစဉ်ထားသည်။

ထို့အပြင် အကယ်၍ အပစ်ခတ်ရပ်စဲရေးကို KIO က လက်မှတ်ရေးထိုးမှုမပြုလုပ်လျှင် မြစ်ကြီးနားမြို့တွင် စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြမှုတခု လုပ်ရန် စီစဉ်ထားသည်ဟု အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ် ဦးသိန်းဇော်က ပြောကြားသည်ဟု ကချင်နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။

ဦးသိန်းဇော်၏ အကြံအစည်နှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရနိုင်သော်လည်း အစိုးရ ကိုယ်စားလှယ် ဦးဆင်ဝါးနော်က KIO အနေဖြင့် လက်မှတ်ထိုးရေး ငြင်းဆန်ပါက လူထုဆူပူမှု ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးလိုက်သည်။

“ကေအိုင်အိုက လက်မှတ်ထိုးရအောင်လို့ ပြောတာ မဖြစ်လာရင်တော့ လုပ်ရမှာပေါ့။ ပြည်သူလူထုက ကေအိုင်အိုကို အပြစ်တင်လာမှာဘဲ။ KIO ဘက်ကနေ လက်မှတ်ထိုးမယ်ဆိုတဲ့ အဖြေပဲ စောင့်နေတာ။ ကေအိုင်အိုဘက်က
လက်မှတ် မထူးဘူးဆိုပြီး ပြောလာတဲ့ အချိန်တော့ ပြည်သူလူထုကလည်း ဆူပူလာမှာပေါ့”ဟု ဦးဆင်ဝါးနော်က
 ပြောသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် KIO ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို အစိုးရ ကျောထောက် နောက်ခံပေး ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့က စီစဉ်ခဲ့ဖူးသည်။ ဒေသခံ အများအပြားက မလွန်ဆန်သာ၍ ဆန္ဒပြမှုကို တက်ရောက်ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"