
ကချင်ပြည်နယ်တောင်ပိုင်း မန်မော်(ဗန်းမော်)ခရိုင်မန်ဂျေ (မံစီ) မြို့နယ်တွင် ဇူလိုင် ၁၉၊ အင်္ဂါနေ့နံနက်တိုက်ပွဲ ဖြစ် ပွားရာ မြန်မာအစိုးရဘက် တပ်ရင်းမှူး ၁ ဦး နှင့် တပ်သား ၃ ဦး ကျဆုံးသည်ဟုကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အရာရှိများ ပြောသည်။
မိုးမိတ်(မုန်းမိတ်)နယ်မြေခံ ခမရ ၃၄၈ နှင့် ဗိုလ်မှူး ဇော်ဂမ်ဦးဆောင်သည့် မန်ဂျေဒေသမှ KIA တပ်ရင်း ၁၂ တို့သည် မဘိန်းအနီး၊ ခါချင်ရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ကြသည်ဟု ဌာနချုပ်လိုင်ဇာ မှ KIA အရာရှိများပြောသည်။
မြန်မာစစ်တပ်မှ သေနတ် ၃ လက်ကိုလည်း KIA သိမ်းဆည်းရရှိသည်ဟု ဆက်ဆိုသည်။
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်နိမိတ်ကြား ဇူလိုင် ၁၆ ရက် ကတည်းက နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု မန်ဂျေဒေသခံများပြောသည်။..
သတင်းအပြည့်အစုံ သို့
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !