
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတခု ဝင်ရောက်လာလို့ ဒေသခံများ လိုင်ဇာထဲကို ထွက်ပြေးလာတယ်လို့ လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။
လိုင်ဇာမြို့နဲ့ ၄ မိုင်လောက်အကွာ လိုင်ဇြာ.မို့ အဝင်အထွက်ဂိတ်လည်းဖြစ်တဲ့ ကေအိုင်အေ အကောက်ခွန်ဂိတ်နဲ့ မလှမ်းမကမ်းရှိတဲ့ နားလုံကျေးရွာကို စစ်ကြောင်းတကြောင်း ရောက်ရှိနေပြီး ရှမ်းနဲ့ ကချင်တွေအများစုနေတဲ့အဲဒီရွာမှာ အဲဒီစစ်ကြောင်းက သွေးခွဲတဲ့စကားတွေပြောနေကြောင်း လိုင်ဇာဒေသခံတဦးက ပြောပါတယ်။
“အဲဒီနားလုံမှာ တာလောကြီးက စစ်ကြောင်းတကြောင်း ရောက်နေတယ်တဲ့။ ၅ဝ၊ ၁ဝဝ လောက်ရှိမယ် မှန်းတာပေါ့နော်။ အဲဒီအဖွဲ့က နားလုံရွာမှာ လိုက်သောင်းကျန်းနေတာ။ သူတို့က သွေးခွဲတဲ့စကားပေါ့လေ၊ မင်းတို့ ကချင်တွေကို မယုံနဲ့၊ ဖုန်းကိုင်ပြီးတော့ သတင်းပေးနေတယ်။ ဖုန်းကိုင်နေတာတွေ့ရင် အကြောင်းကြားဆိုပြီး ပြောတဲ့ခါကျတော့ ရှမ်းတွေကလည်း ကြားထဲမှာ မနေနိုင်တော့ဘူးပေါ့။ သူတို့က ဘယ်ဘက်ပါပါ ဒုက္ခရောက်တော့မယ်ဆိုတော့ ဒီဘက် လိုင်ဇာ ပြေးလာခဲ့တာ။
လဂျားယန်ဂိတ် မြန်မာစစ်တပ်စခန်းမှာ အင်အား ၂ဝ လောက်သာ ရှိတာကြောင့် အဲဒီလဂျားယန်တပ်စခန်းအတွက် အင်အားဖြည့်တင်းတာဖြစ်နိုင်သလို လိုင်ဇာကို စစ်ရေးအရ ထိုးစစ်ဆင်ဖို့အတွက် လာရောက်အခြေပြုတာလားဆိုတာ ကေအိုင်အေအပါအဝင် ဒေသခံတွေအကြား စောင့်ကြည့်နေကြပါတယ်။
မြစ်ကြီးနားမြို့ကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ချီတက်လာတဲ့ စစ်ကြောင်းတခုဟာလည်း လိုင်ဇာနဲ့ မိုင် ၃ဝ ကျော်အကွာ ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ ဒဘတ်ယန်ကျေးရွာမှာ ရောက်ရှိနေကာ သူတို့နဲ့အတူ ပေါ်တာအထမ်းသမား ၅ဝ ခန့်ရှိနေပြီး အဲဒီကျေးရွာနဲ့ ၂ မိုင်ကျော်အကွာ မလားယန်ကျေးရွာမှာလည်း ကေအိုင်အေက တပ်စွဲထားတာမို့ မကြာခင် တိုက်ပွဲတွေ ဖြစ်ဖို့ အလားအလာတွေ ရှိနေပါတယ်။
..
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !