ထိပ်ဆုံး သတင်း :
Home » » ရှစ်လေးလုံးနေ့ Black Campain ရခိုင်ပြည်နယ် အ၀န်း ပြုလုပ်မည်

ရှစ်လေးလုံးနေ့ Black Campain ရခိုင်ပြည်နယ် အ၀န်း ပြုလုပ်မည်

8/06/2011 11:38:00 PMတွင်ရေးသည်

၂၃ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့တွင် ရခိုင်လူငယ်များ စုပေါင်း ဖွဲ့စည်းထားသည့် Arakan Action Committee for Democracy in Burma (AACDB) အဖွဲ့မှ Black Campaign ( အနက်ရောင်) လူပ်ရှားမူကို ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သတင်း ရရှိသည်။
သူတို့ လူပ်ရှားမူ လုပ်ရသည့် ရည်ရွယ်ချက်ကို အဖွဲ့ခေါင်းဆောင် တစ်ဦးက ယခုကဲ့သို့ ပြောသည်။

8888LOGO“ ကျွန်တော်တို့ AACDB အနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံ အတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူပြည်သူ တွေကို ဂုဏ်ပြ အောက်မေ့တဲ့ အနေနဲ့ ဒီ အနက်ရောင် လူပ်ရှားမူကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ကျွန်တော်တို့ အနက် ရောင် ၀တ်စုံတွေ ၀တ်ပြီး လူပ်ရှားမူ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။”

၎င်းပြင် လူပ်ရှားဆောင်ရွက်မည့် ဒေသ အ၀န်းအ၀ိုင်းကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့က သြဂတ်စ်လ ၈ ရက်နေ့မှာ စတင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ စစ်တွေမြို့က ကျောင်းတွေမှာ ရော အထူးသဖြင့် နယ်မြို့ တွေက ကျောင်းတွေမှာ လုပ်သွားမှာ ဖြစ်ပါတယ်။ ပီးရင် လူငယ်တွေ အနေနဲ့ အနက်ရောင် ၀တ်စုံတွေ ၀တ်ပြီး လူစည်ကားတဲ့ နေရာတွေမှာ လူပ်ရှား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီ ရှစ်လေးလုံး အရေးတော်ပုံနေ့က တနိုင်လုံးနဲ့ သက်ဆိုင်တာကြောင့် မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့ ပူးပေါင်း ပါဝင် လုပ်ဆောင်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။”

ရခိုင်ပြည်နယ်က မြို့နယ် အတော်များများတွင် အနက်ရောင် လူပ်ရှားမူ အတွက် ပြင်ဆင်ထားမူအခြေအနေများ ကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“ လောလောဆယ်မှာ အနက် ရောင် လူပ်ရှားမူအတွက် အနက်ရောင် အ၀တ်အထည်တွေ၊ ပိတ်စတွေ၊တွယ်အပ် တွေကို စုဆောင်းထားပါတယ်။ ကျေညာချက်တွေလည်း ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။ ဘုန်းတော်ကြီး ကျောင်းတွေမှာ ဆွမ်းကျွေးမယ့် အစီအစဉ်တွေ လုပ်ထားပါတယ်” ဟု သူက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အရပ်သား အစိုးရ တက်လာပြီး ဖြစ်သဖြင့် မြန်မာပြည်သူများ ဒီမိုကရေစီ အရေး အတွက် တိုက်ပွဲ ၀င်ခဲ့သော ရှစ်လေးလုံးနေ့ အခမ်းအနားကို တစုံတရာ အတိုင်းအတာထိ ကျင်းပ ပြုလုပ်ခွင့် ရရှိမည်ဟု ယုံကြည်ကြောင်း နိဂုံးချုပ် သူက ပြောဆိုသွားသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"