ထိပ်ဆုံး သတင်း :
Home » » လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

8/21/2011 11:31:00 PMတွင်ရေးသည်


Photo: RFA
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ၅ ရက်ကြာ စုံစမ်းလေ့လာမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိသွားပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ပြန်ကြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြု ပြောဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား။ (Photo: RFA)
မစ္စတာ ကင်တားနားဟာ နေပြည်တော်မှာ မနက်ဖြန်ခေါ်ယူထားတဲ့ လွှတ်တော်အစည်းအဝေး မတိုင်ခင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ မြန်မာနိုင်ငံ ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း စတဲ့ အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့ပြင် မစ္စတာ ကင်တားနားဟာ ဗုဒ္ဓဟူးနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး၊ တခြား နိုင်ငံရေးပါတီတွေ၊ လူမှုရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

မစ္စတာ ကင်တားနားဟာ မနှစ်က ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် လာရောက် လည်ပတ်ခဲ့ပေမယ့် နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရရှိခဲ့ပါဘူး။

အဲဒီနောက် သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် လျှောက်ထားမှုကို စစ်အစိုးရက အကြိမ်ကြိမ် ငြင်းပယ်ခဲ့တာကြောင့် သူ့ရဲ့ခရီးစဉ် တနှစ်ခွဲလောက် အခုလို ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ သြဂုတ်လ ၂၅ ရက် ကြာသပတေးနေ့မှာ သတင်းထောက်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ရှိပြီး ခရီးစဉ် တွေ့ရှိချက်တွေကို အခုနှစ် နှောင်းပိုင်း ဂျီနီဗာမြို့မှာကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"