ထိပ်ဆုံး သတင်း :
Home » » မြ၀တီတံတား ပြန်ဖွင့်တော့မည်ဟု မြို့ခံများပြောဆို

မြ၀တီတံတား ပြန်ဖွင့်တော့မည်ဟု မြို့ခံများပြောဆို

8/19/2011 11:23:00 PMတွင်ရေးသည်


myawaddy-birdge

မဲဆောက်-မြ၀တီတံတား

တနှစ်ကျော်ကြာ ပိတ်ထားသည့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ပေါင်းကူးထားသော မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားမှာ မကြာမီ ရက်ပိုင်းအတွင်း ဖွင့်လှစ်နိုင်တော့မည်ဟု မြ၀တီမြို့ခံများကပြောဆို နေကြသည်။

မြို့ခံတဦးက "အာဏာပိုင်တွေ ပြောတာကတော့ ဒီရက်ပိုင်းတွေအတွင်းမှာ ဖွင့်မယ်။ အခုဗမာဘက် ခြမ်းက တံတားကို သန့် ရှင်းရေးလုပ်ကြတယ်။ ထိုင်းဘက်က လုပ်တာ မတွေ့ရသေးဘူး။ တံတားထိပ်မှာ ရဲတွေစောင့်ကြည့်နေတယ်။"ဟု ပြောသည်။အခြား မြ၀တီမြို့ခံတဦးကလည်း "ဟုတ်တယ်။ မြို့ခံတွေ ပြောကြတယ်။ ဘယ်အချိန်ဖွင့်မလဲတော့ မသိဘူး။ မနက်ဖြန် လူကြီး လာမယ်ဆိုတော့ တခါတည်း ဖွင့်မလားမသိဘူး။"ဟု ပြောသည်။လူကြီးဆို သည်မှာ အာဏာပိုင် အရာရှိများကို ဆိုလိုခြင်း ဖြစ် သည်။

ယခုလို တံတား ပြန်လည်ဖွင့်လှစ်မည့်ဆိုသည့်အတွက် မြ၀တီမြို့ရှိ လူတန်းစားအလွှာ အသီးသီးမှဝမ်းသာ လျှက်ရှိကြောင်း မြ၀တီမြို့ရှိ ကုန်သည်တဦးက ပြောသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ ပေါင်းကူးထားသည့် မဲဆောက်-မြ၀တီတံတားကို ထိုင်းဘက်ခြမ်းမှ သောင်းရင်းမြစ် ကမ်းထိန်းနံရံ တည် ဆောက်မှုကြောင့် အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် ဇူလိုင်လ၁၈ရက်နေ့ တွင် မြန်မာအာဏာပိုင်များက တစ်ဖက် သတ် ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတံတား မပိတ်ခင်က ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှုမှာ တလအတွင်း ထိုင်းမှ ကုန်ပစ္စည်းတင်သွင်းမှု ဘတ် သန်း ၃,၀၀၀ဖိုးအထိရှိပြီး ယမန်နှစ် ဇူလိုင်လက ကုန်သွယ်ရေးတံတား ပိတ်လိုက်သောကြောင့် ထိုင်းမှ မြန်မာပြည်သို့ ကုန် ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၇၀၀ခန့်သာ ရှိတော့သည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။


ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"